သုံးရလွယ်ကူစေသည့် Link များ

ရွှေ့ ပြောင်းအလုပ်သမား နောက်ထပ်လေးသိန်းကျော် မှတ်ပုံတင်ခွင့် ထိုင်းအစိုးရ ခွင့်ပြု


ကမ္ဘာ့တဝှမ်း စီးပွားရေးအကြပ်အတည်းတွေ ကြုံတွေ့နေရပေမယ့် ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားကလာတဲ့ ရွှေ့ ပြောင်းအလုပ်သမား နောက်ထပ် လေးသိန်းအတွက် မှတ်ပုံတင်ခွင့်ပေးမယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေငြာထားပါတယ်။ လက်ရှိအားဖြင့် ကြမ်းတမ်း ခက်ခဲ ညစ်ပတ်စုတ်ချာပြီး ထိုင်းနိုင်ငံသားတွေ မလုပ်လိုတဲ့ လုပ်ငန်းကဏ္ဍတွေမှာသာ ဝင်ရောက်လုပ်ကိုင်ခွင့်ရတဲ့ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ ပြောင်းအလုပ်သမားတွေအဖို့ အလုပ်လုပ်ကိုင်စရာ နောက်ထပ် ကဏ္ဍသစ်တွေကိုလည်း တိုးချဲ့ ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာ ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား ရွှေ့ ပြောင်းအလုပ်သမားတွေရဲ့  အခွင့်အရေးတွေကိုလည်း မြှင့်တင်ပေးဖို့ လိုအပ်နေသေးတယ်လို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ အသေးစိတ်ကို ကိုအောင်လွင်ဦး က ဘန်ကောက်မြို့ ကနေ သတင်းပို့ တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG