သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး


ဝက်တုပ်ကွေး ရောဂါကြောင့် အမေရိကန် နိုင်ငံမှာ ပထမဆုံး လူတယောက် သေဆုံးသွားပါပြီ။ တကမ္ဘာလုံးကို အချိန်တို အတွင်း ပျံ့နှံ့နေတဲ့ ဝက်တုပ်ကွေး ဗိုင်းရက်စ် ရောဂါပိုးနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေနဲ့ တွေ့ရှိသေဆုံးသူဟာ မက္ကဆီကို အနောက်ပိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တက္ကဆက်စ် ပြည်နယ်က ၂၃လသား ကလေးငယ်လေး ဖြစ်တယ် လို့ ရောဂါ ထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေး ဌာန ယာယီ ညွန်ကြားရေးမှူး ဒေါက်တာ Richard Besser က ပြောပါ တယ်။ ဒါဟာဖြင့် ဝက်တုပ်ကွေး ရောဂါ စတင် ဖြစ်ပွားပြီး လူ ၁၅ယောက်အထိ သေဆုံး ခဲ့ရပြီဖြစ်တဲ့ မက္ကဆီကို နိုင်ငံ ပြင်ပ မှာ ပထမဆုံး သေဆုံးမှုပါ။

ရောဂါဖြစ်ပွားတယ်လို့ အတည်ပြုနိုင်တဲ့အရေအတွက် ၂၆ ခုရှိခဲ့ပြီး အဲဒီထဲမှာ သေဆုံးသွားတဲ့ဖြစ်ရပ်က ခုနစ်ခုရှိတယ်လို့ မက္ကဆီကိုကျန်းမာရေးဝန်ကြီး Jose Cordova က အင်္ဂါနေ့နှောင်းပိုင်းမှာ သတင်းထောက်တွေကိုပြောပါတယ်။ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံထားရသူပေါင်း ၁၃၀၀ ကျော် ဆေးရုံတင်ကုသထားရတယ်လို့လည်း သူကပြောပါတယ်။

ဂျာမနီနိုင်ငံမှာလည်း ဝက်တုပ်ကွေးဖြစ်ပွားတဲ့ဖြစ်ရပ် သုံးခုတွေ့ရတယ်လို့ ဒီကနေ့အစောပိုင်းမှာ ကြေညာခဲ့တာကြောင့် ဗိုင်းရပ်စ်ပိုး ကူးစက်တဲ့ထဲမှာ နောက်ဆုံးပေါ်လာတဲ့နိုင်ငံ ဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဝက်တုပ်ကွေးဖြစ်ပွားတဲ့အရေအတွက်က ၆၅ ယောက်ထက်မနည်းတဲ့ အရေအတွက်ထိ တိုးသွားပါတယ်။ နယူးယောက်မြို့တော် ကက်သလစ်ဘုရားကျောင်းတခုက ဒါဇင်နဲ့ချီတဲ့ကျောင်းသားတွေဟာ မက္ကဆီကို ခရီးစဉ်တခုကနေ ပြန်လာခဲ့ကြပြီးတဲ့နောက် ဝက်တုပ်ကွေးရောဂါ သင့်လာခဲ့ပြီး ရောဂါပိုးဟာ အဲဒီ ကျောင်းထဲမှာတင် မဟုတ်တော့ဘဲ ကျောင်းအပြင်ဘက်ထိ ပျံ့နှံ့သွားပုံရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ တခြားကျောင်းနှစ်ခုက ကျောင်းသားတွေလည်း နေမကောင်းဖြစ်ခဲ့ကြပါတယ်။

လော့စ်အိန်ဂျလိစ်မြို့မှာ တုပ်ကွေးရောဂါနဲ့ သေဆုံးရသူနှစ်ဦးဟာ ဝက်တုပ်ကွေးရောဂါနဲ့ ဆက်စပ်ပုံမရဘူးလို့ ဒေသတွင်း သေမှုသေခင်းစစ်ဆေးရေး အရာရှိက ပြောကြောင်း Los Angeles Times သတင်းစာက ပြောပါတယ်။ မက္ကဆီကိုနိုင်ငံနဲ့ နယ်နမိတ်ထိစပ် နေတဲ့ ကာလီဖိုးနီးယားပြည်နယ်မှာ ရောဂါကူးစက်မှု ၁၁ ခုရှိသွားပြီဖြစ်ပြီး အခြေအနေကို ကိုင်တွယ်ဖို့ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG