သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနဲ့ တူရကီမှာ ဝက်တုပ်ကွေးဗိုင်းရပ် တွေ့ရှိ


အိန္ဒိယနဲ့ တူရကီနိုင်ငံတို့မှာ ပထမဆုံး H1N1 ဝက်တုပ်ကွေးဗိုင်းရပ်ပိုး ကူးစက်ခံ ရသူတွေ တွေ့ရှိခဲ့ပါတယ်။ ဒီလူနာအားလုံးဟာ အမေရိကန်ပြည်ထောင်စုကနေ လေကြောင်းကတဆင့် ဝင်ရောက်လာသူတွေဖြစ်ပါတယ်။

နယူးယောက်ကနေ လေယဉ်နဲ့လာတဲ့ အိန္ဒိယ အမျိုးသားတဦးမှာ H1N1 ဝက်တုပ်ကွေးဗိုင်းရပ် တွေ့ရတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ ကြေညာပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုင်ဒရာဘတ် မြို့ကို ဗုဒ္ဓဟူးနေ့က ဆိုက်ရောက်လာတဲ့ သူ့ကို အာဏာပိုင်တွေက သီးခြားခွဲထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သူဟာ ဒူဘိုင်းမှာ လေယဉ်ပြောင်းစီးလာတာ ဖြစ်လို့လည်း အဲဒီ လေယဉ်နှစ်စင်းစလုံးက ခရီးသည်တွေကိုလည်း သတိပေးထား တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

တူရကီမှာတော့ အီရတ်နွယ်အမေရိကန်နိုင်ငံသားတဦးနဲ့ သူ့မိခင်တို့မှာ H1N1 ဝက်တုပ်ကွေးဗိုင်းရပ်တွေ့ရတယ်လို့ တူရကီ ကျန်းမာရေးဌာနက စနေနေ့မှာ ထုတ်ပြန်ပါတယ်။ ဒီမိသားစုဟာ အမေရိကန်ကနေ အီရတ်နိုင်ငံကိုအသွား အီစတန်ဘူ လေဆိပ်မှာ ကင်မရာနဲ့ စစ်ရာမှာ အဖျားရှိနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG