သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးတင်ဦး အကျယ်ချုပ် ၆နှစ် မပြည့်သေးဟု စစ်အစိုးရ တွက်


ဒေါ်အောင်ဆန်းစုကြည်လိုပဲ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ NLD ဒုတေိယ ဥက္ကဋ္ဌ ဦးတင်ဦး ကို ဘာကြောင့် လွှတ်မပေးရသလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။

ဒီပဲယင်း တိုက်ခိုက်မှုကြီး ဖြစ်ပြီးနောက်ပိုင်း NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို စစ်အစိုးရ ဖမ်းဆီးပြီးတော့ နေအိမ် အကျယ်ချုပ် ချထားခဲ့တာ အခုဆိုရင် ၆နှစ်ပြည့်ခဲ့ပါပြီ။ သူ့ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း ကာလမှာ ကလေးထောင်မှာ ချုပ်နှောင်ထားတဲ့ ကာလကို ထည့်မတွက်ဘူးလို့ NLD က ပြောပါတယ်။ ဦးတင်ဦး လွတ်မြောက်နိုင်ဖို့ အခြေအနေကို သိရအောင် ကိုသိန်းထိုက်ဦးက NLD သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးဉာဏ်ဝင်း။ ။ ကျွန်တော်နားလည်တာက အန်ကယ် ဦးတင်ဦးဟာ ဒီပဲယင်း ပြီးတော့ ကလေးထောင်မှာ ၁နှစ်လောက်ကြာတယ်။ ပြီးတော့ အိမ်ကို ပြန်ရောက်တာက ဖေဖေါ်ဝါရီလ ၁၃ရက် ထင်တယ်။ အဲဒီကမှ စပြီးတော့ သူတို့ ယူတာက အဲဒီကမှ စပြီးတော့ အရေးယူတယ်။ ၂၀၀၄ ဖေဖေါ်ဝါရီက စတဲ့အတွက် ၂၀၁၀ ဖေဖေါ်ဝါရီမှ သူက ၆နှစ်ပြည့်မယ့် သူတို့ရဲ့ သဘော။

ကိုသိန်းထိုက်ဦး။ ။ ကလေးထောင်မှာ ချုပ်နှောင်ထားခဲ့တဲ့ သက်တမ်းကို သူတို့က ထည့်မတွက်ဘူး ဆိုတဲ့ သဘော။

ဦးဉာဏ်ဝင်း။ ။ ဟုတ်ပါတယ်။

ကိုသိန်းထိုက်ဦး။ ။ အခုအတိုင်းဆိုရင် ၂၀၁၀မှ ၆နှစ်ပြည့်မယ့်သဘော။

ဦးဉာဏ်ဝင်း။ ။ဟုတ်ကဲ့ပါ။

ကိုသိန်းထိုက်ဦး။ ။ ထပ်ပြီးတော့ သက်တမ်း ဘယ်တုန်းက တိုးထားပါသလဲခင်ဗျ။

ဦးဉာဏ်ဝင်း။ ။ ၂၀၀၉ ဖေဖေါ်ဝါရီ ၁၃မှာ။
ကိုသိန်းထိုက်ဦး။ ။ သူရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လို ရှိပါသလဲ။

ဦးဉာဏ်ဝင်း။ ။ ကျွန်တော် သိရသလောက်တော့ ကျန်တဲ့ ရောဂါတော့ မသိဘူး။ သူ့မှာ နဂိုကတည်းက သေနတ် ဒဏ်ရာ၊ ကျည်ဆံမထုတ်ရသေးတဲ့ ခြေထောက်က ဒဏ်ရာ ရှိသေးတယ်။ အဲဒါတော့သိတယ်။ ကျန်တဲ့ အသေးစိတ်ကိုတော့ မသိဘူး။

ကိုသိန်းထိုက်ဦး။ ။ သူ့ကိုရော ဒေါ်အောင်ဆန်းစုကြည်လိုပဲ ကျန်းမာရေးအရ မိသားစု ဆရာဝန်နဲ့ တွေ့ခွင့်၊ ကျန်းမာရေး ဆေးစစ်ခွင့်တို့ရော အာဏာပိုင်တွေက ခွင့်ပြုပါသလား။

ဦးဉာဏ်ဝင်း။ ။ ကျန်းမာရေး စစ်ဆေးမှုတို့၊ သိခြားဆရာဝန်ဆီတောင် သွားခွင့်ရတယ်လို့ ကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG