သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့ ဆန္ဒပြ


ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြကြတဲ့ လူစုတစုကို အာဏာပိုင်တွေက
ဖမ်းဆီးလိုက်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။

အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ် ၃ ယောက်ထက်မနည်းဟာ အမျိုးသမီး
တယောက်ရဲ့ ခင်ပွန်းသည် အထိန်းသိမ်းခံထားရတာကို ပြန်လွှတ်ပေးဖို့ တောင်းဆို
ထားတဲ့ စာတန်းကို ကိုင်ပြီး သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အမျိုးသမီးတယောက်ရဲ့
ခင်ပွန်းဖြစ်သူကို မြန်မာစစ်အစိုးရက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ သူ ဘယ်သူ
ဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘဲ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်တယ်ဆိုတာ
ကိုပဲ စုံစမ်းလို့ရပါသေးတယ်။

ဆန္ဒပြတာကို အမေရိကန်သံရုံး တာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောကြား
ပါတယ်။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စအတွက် ဆန္ဒပြကြတာဖြစ်ပြီး နိုင်ငံရေးလှုံ့ဆော်တာမျိုး
မပါဘူးလို့ သံရုံးပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ၁၅ မိနစ်လောက် ကြာပြီးတဲ့နောက်
သူတို့တွေ ပြန်ထွက်သွားကြတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ သူတို့ကို
ဘယ်နေရာမှာ ဖမ်းဆီးလိုက်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး
ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG