သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားစောင့်တပ် အဆိုပြုချက်အပေါ် အပစ်အခတ်ရပ်အဖွဲ့များ တုံ့ပြန်ချက်


မြန်မာစစ်အစိုးရအနေနဲ့ ၂၀၁၀ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့ ကြေညာထားခဲ့ပေမယ့် လောလောဆယ်အချိန်ကာလထိ ကျင်းပပြုလုပ်မည့် ရက်အတိအကျ နဲ့ အစီအစဉ်များကို သတ်မှတ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒီအထဲမှာ အကြောင်းအရင်းတခုကတော့ တိုင်းရင်းသား ပြည်နယ်ဒေသတွေမှာ ရှိနေကြတဲ့ အပစ်အခတ်ရပ် လက်နက်ကိုင်အဖွဲ့အစည်းတွေအရေး ပြေလည်အောင်ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့အချက် ဖြစ်နိုင်ကြောင်း ယူဆနိုင်ပါတယ်။ မကြာသေးခင်က အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့် တပ်ဖွဲ့တွေအဖြစ် အသွင်ပြောင်းပြီး အင်အားလျှော့ချမဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး စစ်အစိုးရက တိုက်တွန်းပြောကြားလုပ်ကိုင်နေပေမဲ့ ဒီအစီအစဉ်ကို လက်မခံနိုင်တဲ့ အဖွဲ့အစည်းကြီးတွေက ပိုများနေပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်း ကို ဦးသန်းလွင်ထွန်း (ဗွီအိုအေမြန်မာသတင်း ဌာနမှုး) ဆက်သွယ်ပြီး အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့များရဲ့ ရပ်တည်တုံ့ပြန်ချက်များကို ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG