သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရွေးကောက်ပွဲ လက်ရှိ သမ္မတအနိုင်ရ


အီရန်နိုင်ငံက သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာမွတ် အမာဒီနီဂျပ် ကပဲ အနိုင်ရသွားတယ်လို့ အစိုးရပိုင် သတင်း ဌာနက ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ပြုပြင် ပြောင်းလဲရေးသမားကလည်း သူနိုင်တယ်လို့ ဆိုနေပါတယ်။

ရွေးကောက်ပွဲ ထိပ်တန်း အရာရှိချုပ် ပြောတာကတော့ သောကြာနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ထည့်ခဲ့ကြတဲ့ မဲတွေရဲ့ ၁၉ % ကို ရေတွက်ကြည့်တဲ့အခါမှာ ၆၉ % က သမ္မတ မာမွတ်အမာဒီနီဂျက် အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ အကြို ရလဒ်တွေကို ဒီကနေ့ စနေနေ့မှာ သိရမယ်လို့ အရင်က မျှော်လင့်ထားကြတာပါ။ သမ္မတ အမာဒီနီဂျက် နဲ့ ပြိုင်ဘက် ဖြစ်တဲ့ အရင် ဝန်ကြီးချုပ်ဟောင်း မီရာ ဟူစိန် မူဆာဗီကလည်း ရွေးကောက်ပွဲမှာ အနိုင်ရတာက သူပဲလို့ မနေ့က ညပိုင်း တီဟီရန်မြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောဆိုခဲ့ပါတယ်။

တချို့ဒေသတွေမှာ မဲရုံတွေ နည်းပါးလို့ မဲပေးမှုတွေမှာ ပြဿနာတွေ ရှိနေတယ်လို့လည်း သူက ပြောပါသေးတယ်။ မနေ့က ကျင်းပခဲ့တဲ့ အီရန်သမ္မတ ရွေးကောက်ပွဲမှာ မဲပေးကြသူတွေလည်း အကြီးအကျယ် များကြပြီး ည ၁၀ နာရီ အထိ မဲထည့်ချိန် တိုးပေးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG