သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေး ကုလ အခက်တွေ့


ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် ကမ္ဘာတလွှားမှာ မနေ့က အခမ်းအနားတွေ ကျင်းပခဲ့ကြ
ပါတယ်။ ကမ္ဘာတဝန်းမှာ ပဋိပက္ခတွေ၊ အရေးယူမှုတွေ၊ သဘာ၀ ဘေးဆိုးအန္တရာယ်
တွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၄၂ သန်းကျော်တယ်လို့ ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက စနေနေ့က ပြောသွားပါတယ်။

ဒီနှစ်အတွက် တကယ့်လူတွေ တကယ့်လိုအပ်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒုက္ခသည်ဆိုတာ
ကိန်းဂဏန်းတွေပဲ မဟုတ်ပါဘူး၊ တကယ့်လူသားစစ်စစ် ဖြစ်ကြပါတယ်ဆိုတာ ကမ္ဘာကို
သတိပေးမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များအဖွဲ့ (UNHCR) ရဲ့ ပြောရေးဆိုခွင့်ရှိသူက
ပြောပါတယ်။

ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေဘက်က အစွမ်းကုန် ကြိုးစားပေမယ့် ကမ္ဘာ
တဝန်းမှာ ပဋိပက္ခတွေ၊ ကပ်ဘေးဆိုးတွေ မြင့်မားလာတဲ့အတွက် လူသားတွေ အဓိက
လိုအပ်ချက်တွေဖြစ်တဲ့ အစာရေစာ၊ နားခိုရာအရိပ်၊ ရေနဲ့မိလ္လာနဲ့ အကာအကွယ်ပေးဖို့
ကိုတောင်မှ အနိုင်နိုင်ကြိုးစားနေရတယ်လို့ UNHCR က ပြောပါတယ်။

တကမ္ဘာလုံး စီးပွားရေးပဋိပက္ခကလည်း လူတွေကို အိုးမဲ့အိမ်မဲ့ ပိုဖြစ်စေပြီး ကူညီ
ကယ်ဆယ်ရေး ရန်ပုံငွေတွေလည်း အရမ်းနည်းသွားတယ်လို့ UNHCR ကပဲ ဆက်ပြော
ပါတယ်။

ဥရောပကော်မရှင်ကတော့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေအတွက်
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်ပြီးပေးအပ်သွားမယ်လို့
ဆိုပါတယ်။

မနေ့က ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားမှာ
UNHCR ရဲ့ ချစ်ကြည်ရေးသံတမန် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး အိန်ဂျလီနာ ဂျိုလီ
(Angelina Jolie) တက်ရောက်ခဲ့ပါတယ်။ မင်းသမီးဂျိုလီဟာ မြန်မာနိုင်ငံက ထွက်ပြေး
လာကြရတဲ့ ဒုက္ခသည်တွေအရေးကိုလည်း တက်တက်ကြွကြွနဲ့ လှုပ်ရှားသူတဦး
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG