သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေးဗိုင်းရပ် ကူးစက်မှု သတိထားဖွယ်


ဇူလှိုင် ၁၊ ၂၀၀၉။ ၂၁ရာစုမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ကူးစက် ကပ်ဘေးရောဂါအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ကြေညာထားတဲ့ A အမျိုးအစား H1N1 ဝက်တုပ်ကွေးဗိုင်းရပ် ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ရပြီလို့ ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြုကြေညာသွားပါတယ်။ အာဏာပိုင်တွေအနေနဲ့ ဝက်တုပ်ကွေးဗိုင်းရပ်ပိုး သတိပေးချက်တွေ ထုတ်ပြန်သလို ကျန်းမာရေးပညာပေးဟောပြောချက်တွေလည်း ကျောင်းတွေ ရုံးတွေမှာ ပြုလုပ်လာပါတယ်။ မြန်မာနိုင်ငံဆရာဝန်များအသင်းနဲ့ ကျန်းမာရေးဦးစီးဌာနတို့ကလည်း ပူးတွဲပြီး အစည်းအဝေးတွေ ဆွေးနွေးပွဲတွေ ခေါ်ယူကျင်းပနေပါတယ်။

နိုင်ငံတကာမှာ ဝက်တုပ်ကွေးကာကွယ်မှုတွေ ဘယ်လိုလုပ်ထားသလဲ၊ ဝက်တုပ်ကွေးရောဂါကို ဘယ်လို သတိထားသင့်သလဲ။ အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG