သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ပြဿနာ ဆွေးနွေးဖို့ အမေရိကန် ကိုယ်စားလှယ် ဆီးရီးယားနိုင်ငံရောက်ရှိ


အရှေ့အလယ်ပိုင်းမှာ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး ရရှိရေး အမေရိကန်က တွန်းအားပေးတဲ့အနေနဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ အမေရိကန် အထူးသံတမန် ဂျော့မစ်ရှဲလ် ဆီးရီးယားနိုင်ငံကို ရောက်ရှိသွားပြီး သမ္မတ ဘရဲှအာဆက်နဲ့ တွေ့ဆုံပါတယ်။ အိမ်ရှင် သမ္မတနဲ့ ဧည့်သည် အမေရိကန် သံတမန်တို့ နှစ်နိုင်ငံဆက်ဆံရေး ဆီးရီးယားနဲ့ အစ္စရေးငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စဖို့တို့ကို ဆွေးနွေးပါတယ်။ မနှစ် ဒီဇင်ဘာလက ပါလက်စတိုင်း ဟားမက်စ်တို့ကို အစ္စရေးက ထိုးစစ်ဆင်လိုက်လို့ ဆီးရီးယားက အဲဒီ ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့တာပါ။ အထူးသံတမန် တာဝန်ယူပြီးနောက် မစ္စတာ မစ်ရှဲလ် ဆီးရီးယားကို ဒုတိယအကြိမ် သွား ရောက်တာဖြစ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းဒေသများကိုလည်း ခရီးဆက်ပါလိမ့်မယ်။ ဒေသရဲ့ တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် ငြိမ်းချမ်းရေး လိုအပ်တာမို့ အာရပ်နဲ့ အစ္စရေးတို့ဟာ အမေရိကန်နဲ့ တွဲလုပ်ပါလို့လည်း သူက တိုက်တွန်းသွားပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်လည်း မနက်ဖြန် အစ္စရေးနိုင်ငံကို သွားရောက်ပြီး အီရန်ရဲ့ နျူကလီးယား အကြံကြီးမှုကိစ္စကို ဝန်ကြီးချုပ် ဘန်ဂျပန် နေသန်ရာဟု ကာကွယ်ရေးဝန်ကြီး အီဟွတ် ဘားရက်ခ်တို့နဲ့ ဆွေးနွေးပါလိမ့်မယ်။

XS
SM
MD
LG