သုံးရလွယ်ကူစေသည့် Link များ

မက္ကဆီကို ထိပ်သီးဆွေးနွေးပွဲ လူဝင်မှု ကြီးကြပ်ရေးကိစ္စ ဆွေးနွေး


အမေရိကန် ကျန်းမာရေးဝန်ဆောင်မှုနဲ့ စီးပွားရေး ပြန်လည်ဦးမော့လာရေး ကိစ္စတွေ လုပ်ပြီးရင် လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

မက္ကဆီကိုနိုင်ငံ ဂွာတာလဟာရာမြို့မှာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သမ္မတအိုဘားမားက လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေသစ်ကို နောက်နှစ်ထဲမှာ အတည်ပြုနိုင်ဖို့ သူ့ဘက်က မျှော်မှန်းထားတယ်လို့ ပြောသွားပါတယ်။

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ H1N1 ၀က်တုပ်ကွေးရောဂါ ပူးပေါင်းတိုက်ဖျက်ရေး အတွက်လည်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား၊ ကနေဒါ ၀န်ကြီးချုပ် စတီဗင် ဟာပါ (Stephen Harper) နဲ့ မက်ဆီကို သမ္မတ ဖီလစ်ပီ ကယ်လ်ဒါရွန် (Felipe Calderon) တို့ ကတိပြုခဲ့ကြပါတယ်။

ခေါင်းဆောင် ၃ ဦးဟာ စီးပွားရေးဆိုင်ရာ ကတိက၀တ်တွေ အပြန်အလှန် ထားရှိခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ ၀က်တုပ်ကွေးရောဂါ ပျံ့နှံ့ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်ဟန့်တားနိုင်ဖို့ လူထုကျန်းမာရေး ပညာပေးနဲ့ သတင်းအချက်အလက် မျှဝေရေး အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံဖြတ်ကျော် ရာဇ၀တ် ကွန်ယက်တွေက နိုင်ငံ ၃ နိုင်ငံစလုံးကို ခြိမ်းခြောက်နေတယ် ဆိုတာကိုလည်း ခေါင်းဆောင် ၃ ဦးစလုံး လက်ခံဆွေးနွေးခဲ့ကြပါတယ်။

ဘိန်းဘုရင်တွေကို နှိမ်နင်းဖို့ မက္ကဆီကိုနိုင်ငံရဲ့ အားထုတ်မှုနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားဟာ မက္ကဆီကို သမ္မတ ကယ်လ်ဒါရွန်ကို ချီးကျူးခဲ့ပါတယ်။ လူ့အခွင့်အရေးကို မထိခိုက်စေဘဲ မက္ကဆီကို အစိုးရ အနေနဲ့ ဘိန်းမှောင်ခိုတွေကို နှိမ်နင်းနိုင်မယ်လို့ ယုံကြည်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG