သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အမတ် သတင်းစာရှင်းလင်းပွဲ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ် ခတ်အရေးယူမှုတချို့ကို ရုတ်သိမ်းမယ်ဆိုရင် ကန့်ကွက်မဲ့အရိပ်လက္ခဏာမရှိဘူးလို့ ယူဆကြောင်း အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် (Virginia) အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းပြောဆိုခဲ့ပါတယ်။

သူ့ဆီကနေ ကျနော်ရှင်းရှင်းလင်းလင်း သိလိုက်ရတဲ့ ခံစားမှုကတော့ သူဟာ စီးပွားရေးဒဏ်ခတ် အရေးယူမှုတချို့ကို ရုတ်သိမ်းဘို့ မကန့်ကွက်ဘူးဆိုတာကျနော်ပြောချင်ပါတယ်၊ ဒါပေမဲ့ သူ့အမြင်နဲ့ ပတ်သက်ပြီး ကျနော် လွဲချော် ပြောဆိုတာမျိုး မဖြစ်စေချင်ပါဘူး။

အမေရိကန်ပြည်ထောင်စုအနေကတော့ ချမှတ်ထားတဲ့ မူဝါဒတွေ၊ လမ်းစဉ်တွေအတိုင်း ဆက်လျှက်လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတခု ပြန်ပြီတော့ဖြစ်နိုင်မဲ့ နည်းလမ်းကို ကျနော် တို့ အမှန်တကယ် မြင်ချင်ကြပါတယ်၊ အဲ့ဒီနည်းလမ်းကလည်း အရင်က ကကျနော်တို့ ချမှတ်ထားတဲ့ မူဝါဒ လမ်းစဉ်တွေအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ဖုံးဆက်ဆွေးနွေးရာမှာလည်း မြန်မာနိုင်ငံခရီးစဉ် အကြောင်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်၊ မြန်မာနိုင်ငံအပါအဝင် အာရ ှ(၅) နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဒီဒေသဟာ အမေရိကန်ပြည်ထောင်စုအတွက် အလွန်အရေးကြီးပြီး ကျနော်တို့လို လူတွေအပါအဝင် အမေရိကန်အစိုးရအနေနဲ့ ဒီ ဒေသမှာ ကောင်းကောင်းပြန်ပြီး ဆန်းသစ်ချင်တယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ ပြစ်ဒဏ်ခတ်မှုနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်သင့်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု နဲ့ အီယူး တို့ကနေ စီးပွားရေး ပိတ်ဆို့မှုတွေကို ပိုပြီးတော့ လုပ်ဆောင်သွားမယ်ဆိုတဲ့ နေရာမှာ ကျနော်အမြင်ကတော့ မြန်မာနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုံးဝမလုပ်တော့ဘဲနဲ့ နည်းလမ်းအသစ်တွေနဲ့ ချည်းကပ်သွားသင့်တယ်လို့ ထင်ပါတယ်။

မြန်မာနိုင်ငံကပြန်ရောက်ရောက်ခြင်း တနင်္ဂနွေနေ့က ဘန်ကောက်လေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သူနဲ့အတူ ပြန်ပါလာခဲ့တဲ့ မစ္စတာ ဂျွန်ယက်တော (John Yettaw) ရဲ့ လုပ်ရပ်ဟာ ကူညီရာမရောက်ပဲ ထိခိုက်စေခဲ့တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

သူလုပ်လိုက်တဲ့ ကိစ္စဟာ အတော့်ကို စိတ်မချမ်းမြေ့စရာ ကိစ္စပါ။ သူ့အထင် ကူညီဘို့ ကျိုးစားခဲ့ တယ်ဆိုပေမယ့်လည်း သူ့လုပ်ရပ်က ထိခိုက်နစ်နာစေခဲ့တယ်လို့ ကျနော် ထင်ပါတယ်။

အဲ့ဒီနေ့က သတင်းစာရှင်းလင်းပွဲမှာပဲ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိထိရောက် ရောက် ဆောင်ရွက်ပေးသင့်တယ်လို့ ပြောဆိုသွားပါတယ်။

အားလုံးသိကြတဲ့အတိုင်း ဒေသတွင်းမှာ တရုတ်နိုင်ငံဟာ မြန်မာပြည်ကို အများကြီးသြဇာ လွမ်းမိုးမှု ရှိ ပါတယ်။ တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ပြီးတော့ မစွက်ဘူးဆိုတဲ့ မူကို ထိမ်းထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အရေးက တခြားသာမန်ကိစ္စတွေနဲ့ မတူပါဘူး။ သူရဲ့ ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ရှေ့နှစ်ခါ ကျင်းပဘို့ရှိတဲ့ ရွေးကောက်ပွဲကို မျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ် ဆိုရင်တော့ သူ့ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးသင့်ပါတယ်။ ကမ္ဘာ့ နိုင်ငံအသိုင်းအဝိုင်းကို လေးစားတဲ့အနေနဲ့ တရုတ်နိုင်ငံဟာ ရေငုံနှုတ်ပိတ်မနေတော့ပဲ မြန်မာ့အရေးမှာ အဖြေထွက်လာအောင် ဝင်ရောက်ကူညီလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေက မြန်မာနိုင်ငံဟာ တရုတ်ရဲ့ စီးပွားရေး၊ နိုင်ငံရေး သြဇာလွှမ်းမိုးမှုအောက် ရောက်သွားရတယ်လို့လည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

အန်အယ်ဒီ ပြောခွင့်ရ ဦဉာဏ်ဝင်းကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ပိတ်ဆိုမှုနဲ့ ပတ်သက်ပြီး ဂျင်ဝက်ဘ် နဲ့ ပြောဆိုခဲ့တာတွေကို သူနဲ့ တွေ့ဆုံစဉ် အခုလို ပြောပြခဲ့ တယ်လို့ ဆိုပါတယ်ရှင်။

ကျနော်တို့ရဲ့ သတင်းကြားတာကတော့ ယိုးဒယားမှာ Jim Webb က ရှင်းတာလည်း ကြားတယ်။ အဲဒီတော့ ကျနော်တို့က အဲဒါကိုပြောတော့ သူ (ဒေါ်အောင်ဆန်းစုကြည်) အဲဒီလို လုံးဝမပြောခဲ့ဘူးတဲ့။ သူပြောတာ အခုနလိုဘဲ sanction နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ် ရုတ်သိမ်းဖို့ သဘောထားကိုလည်း ပူးပေါင်းထုတ်ပြန်မယ်။ ဒါ ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတာကို အဆိုပြုခဲ့တယ်ဆိုတဲ့အကြောင်းကို သူ ရှင်းပြတယ်။ သူ ဒါဘဲ ပြောပြခဲ့တာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG