သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျွန်ယက်တော ဌာနေပြန်ရောက်ပြီ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲ ရေကူးခိုးဝင်မှုနဲ့ မြန်မာစစ်အစိုးရက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ပေးခံခဲ့ပြီးမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တော (John William Yettaw) ဟာ မနေ့က အမေရိကန်နိုင်ငံကို ဆိုက်ဆိုက် မြိုက်မြိုက် ပြန်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ပြည်နှင်ဒဏ်နဲ့ တနင်္ဂနွေနေ့က ထွက်လာပြီး ထိုင်းနိုင်ငံမှာ ကျန်းမာရေး မကောင်းလို့ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) ရဲ့ အစီအစဉ်နဲ့ ဆေးရုံ တက်နေခဲ့ရာက မနေ့က အမေရိကန်နိုင်ငံ ချီကာဂိုမြို့ လေဆိပ်ကို ပြန်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာယက်တောဟာ ဆီးချိုရောဂါနဲ့ ဝက်ရူးပြန်ရောဂါကို ခံစားနေရတာ ဖြစ်ပါတယ်။ လေဆိပ်ကို ရောက်တော့ မစ္စတာယက်တောက သူလုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့ နောင်တ မရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲ သူရောက်သွားလို့သာ ဒေါ်စုဟာ လုပ်ကြံသတ်ဖြတ် ခံရခြင်းကနေ လွတ်မြောက်ခဲ့တယ် ဆိုတာကို ခုချိန်ထိ ယုံသေးကြောင်း ပြောခဲ့ပါတယ်။

ဒေါ်စုအသက်ကို ကယ်နိုင်ဖို့ ဒါမျိုး နောက်ထပ် အခေါက် ၁၀၀ လောက် လုပ်ဆိုလည်း လုပ်ဦးမှာဖြစ်ကြောင်း၊ ဒါပေမယ့် ခုတော့ ဒေါ်စု အချုပ်ခံထားရတာကြောင့် သူ့အနေနဲ့ ကြေကွဲရကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မစ္စတာ ယက်တောဟာ အငြိမ်းစား စစ်မှုထမ်း တယောက်ဖြစ်ပြီး သူ့မိသားစုနဲ့ မိတ်ဆွေတချို့ကလွဲလို့ အမေရိကန်မှာ လူသိအလွန်နည်းတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG