သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မှာ သြဂုတ်လ သေဆုံးသူဦးရေ ၁၃ လအတွင်း အများဆုံး


အီရတ်နိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် အရပ်သားတွေနဲ့ ရဲနဲ့ စစ်တပ်က တပ်သားတွေကြား သေဆုံးသူ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၁၃ လအတွင်း အခု သြဂုတ်လမှာ အများဆုံး ဖြစ်နေတယ်လို့ အီရတ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အင်္ဂါနေ့က တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ အီရတ်နိုင်ငံသား အရပ်သား သေဆုံးသူ ၄၅၀ နဲ့ ဒဏ်ရာရသူ ၁,၅၀၀ ကျော် ရှိနေတာမို့ အီရတ် လုံခြုံရေး အခြေအနေကို စိုးရိမ်ပူပန်လာကြပါတယ်။

ပြီးခဲ့တဲ့လထဲမှာ အခုလို သေဆုံးမှုတွေ တိုးလာတာဟာ သြဂုတ်လ ၁၉ ရက်နေ့က ဘဂ္ဂဒက်မြို့လည်က ထရပ်ကား ဗုံးပေါက်ကွဲမှုတွေကြောင့်လည်း ဖြစ်ပါတယ်။

ဇူလိုင်လတုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ သိပ်မတွေ့ရပေမယ့် အမေရိကန်တပ်တွေ အီရတ် မြို့ရွာတွေကနေ ဆုတ်ခွာခဲ့တဲ့နောက်ပိုင်း သီတင်းပတ်တွေ အတွင်းမှာပဲ အီရတ်နိုင်ငံသား ၂၇၅ ယောက် သေဆုံးခဲ့တာမို့ သြဂုတ်လထဲမှာ အခုလို ထူးထူးခြားခြား တိုးလာခဲ့တာ ဖြစ်ပါတယ်။

နီဗားခရိုင် (Nineveh Province) လုံခြုံရေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ခါဒီဒို ခါလက်ဖ် (Khadido Khalaf) ကတော့ အီရတ် တပ်ဖွဲ့ဝင်တွေ လုံခြုံရေးတာဝန် ယူခဲ့ပြီးနောက်ပိုင်း အခြေအနေတွေ ပိုပြီးဆိုးနိုင်တယ်လို့ မျှော်လင့်ထားတာထက် အခုဟာ ပိုပြီး ဆိုးရွားနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ပင်မလမ်းကြီးတွေတလျှောက် ကားဗုံးထောင်တာတွေ၊ တခြား ဖောက်ခွဲရေးပစ္စည်းတွေ ချထားတာကို သိရှိနိုင်ဖို့အတွက် ပိုမိုအဆင့်မြင့်တဲ့ ထောက်လှမ်းရေး စစ်ဆေးရေး ကိရိယာတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG