သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရဖိအား တိုင်းရင်းသားအဖွဲ့အစည်းတွေ ဘယ်လို တုန့်ပြန်သင့်သလဲ


စစ်အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အပစ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းတွေကို သူတို့ရဲ့ အလုံးစုံချုပ်ကိုင်မှု လက်အောက်ကို သွပ်သွင်းဖို့ ကြိုးပမ်း နေတယ်ဆိုတာ တဖြည်းဖြည်း ပေါ်လွင်လာနေပါတယ်။ ပထမဦးဆုံး သူတို့ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အစတုန်းက သူတို့တပ်ကို သူတို့ထားရှိခွင့် ပေးထားပြီးတော့ အပစ်ရပ် အဖွဲ့အစည်း အနေနဲ့သာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အခု အဲဒီအပစ်ရပ် အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်အစိုးရရဲ့ အာဏာသက် လက်အောက်မှာ နယ်စပ်ဒေသ ထိန်းချုပ်ရေး အဖွဲ့တွေအဖြစ်နဲ့ သူတို့ သွပ်သွင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီလို ဖိအားမျိုးစုံနဲ့ ကြိုးစားလာတာကို တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ ဘယ်လို တုန့်ပြန်သင့်ပါသလဲဆိုတာကို ဆွေးနွေး နိုင်ဖို့ KNU ကရင် တိုင်းရင်းသားအစည်းအရုံးရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလှငွေနဲ့ အမေရိကန် ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးရာ ပါရဂူဘွဲ့ ရယူထားတဲ့ ဒေါက်တာ အင်ဒရူး ငုံကျုံးလျံတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG