သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ကတပ်ဖွဲ့ရုပ်သိမ်းရေး ဆုံးဖြတ်ချက် မချနိုင်သေး


အမေရိကန် အစိုးရရဲ့ အာဖဂနစ္စတန်နိုင်ငံနဲ့ ပတ်သက်လို့ မူဝါဒတွေအပေါ် လူသိရှင်ကြား ဆန့်ကျင်မှုတွေ ကြီးထွားလာတာနဲ့ အမျှ လတ်တလော နိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး အာဖဂန် စစ်ပွဲနဲ့ ပတ်သက်လို့ ဘာဆုံးဖြတ်ချက်မှ ချမှာ မဟုတ်ဘူးလို့ သမ္မတ ဘရက်ခ် အိုဘားမား က ပြောဆိုလိုက်ပါတယ်။ အာဖဂန် နိုင်ငံက အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းမယ့် နောက်ဆုံးရက် သတ်မှတ်ထားတာ မရှိပေမဲ့၊ အကန့်အသတ်မရှိ တပ်စွဲထားဖို့ကိုလည်း အယုံအကြည် မရှိတဲ့အကြောင်း တနင်္ဂနွေနေ့ အမေရိကန် ရုပ်မြင်သံကြား အစီအစဉ် အတော်များများနဲ့ မေးမြန်းခန်းတွေမှာ သမ္မတ အိုဘားမား က ပြောဆိုလိုက်တာပါ။ တိုးတက်မှုတွေနဲ့ ပတ်သက်လို့ သတ်မှတ်ချက်တွေ တိတိကျကျထားတဲ့ မှန်ကန်တဲ့ နည်းဗျူဟာတရပ် ရေးဆွဲဖို့လည်း သူက ကတိပြုခဲ့တာပါ။ အာဖဂန်ကို တပ်တွေ တိုးပြီးစေလွှတ်ဖို့နဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဆန့်ကျင်တဲ့အမြင်မျိုး ရှိရာမှာ ဖြစ်ပေမဲ့၊ အယ်လ်ကိုင်းဒါးတွေကို အနိုင်တိုက်ဖို့ တပ်တွေ ထပ်လိုအပ်မယ်ဆိုရင်တော့၊ အခြေအနေက တောင်းဆိုတဲ့အတိုင်း အမေရိကန် က လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။ မနေ့က အမေရိကန် ရုပ်သံအစီအစဉ်တွေနဲ့ မေးမြန်းခန်းတွေအတွင်း တခြားကိစ္စရပ် အတော်များများကို ပြောဆိုခဲ့တဲ့ အထဲမှာ စီးပွားရေးနဲ့ ပတ်သက်လို့ အမေရိကန် စီးပွားရေးဟာ ပြန်လည် ဖွံ့ဖြိုးလာနေကြာင်း ပြသတဲ့ လက္ခဏာတွေ တွေ့နေရကြောင်း ပြောဆိုခဲ့တာပါ။ ဒီလိုပဲ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန CIA က သမ္မတဟောင်း ဂျော့ဂျ်ဘုရှ် လက်ထက်မှာ အကျဉ်းသားတွေကို စစ်ဆေးမှုတွေအတွင်း ညှင်းပမ်းမှုတွေ ရှိခဲ့တဲ့ အကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာကို ရပ်တန့်ဖို့ CIA အကြီးအကဲဟောင်းတွေက ပြောဆိုနေပေမဲ့၊ သူ့ အနေနဲ့ ဒါတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG