သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကျပ် ၅,၀၀၀ တန် ငွေစက္ကူသစ် ထုတ်မည်


မြန်မာနိုင်ငံမှာ အခုလာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၅,၀၀၀ ကျပ်တန် ငွေစက္ကူသစ်တွေ ထုတ်ဝေတော့မှာ ဖြစ်တယ်လို့ စစ်အစိုးရက ဒီညသတင်းမှာ ကြေညာသွားပါတယ်။

အရင်ငွေစက္ကူတွေလို ခြင်္သေ့တံဆိပ် မဟုတ်တော့ဘဲ ဆင်ဖြူတော်တံဆိပ်ဖြစ်ပြီး လက်ရှိ လည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကိုလည်း ဆက်ပြီး တရားဝင်အဖြစ်နဲ့ တည်ရှိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ေ၀ ဖြန့်ဖြူးထားတဲ့ ငွေစက္ကူပေါင်းဟာ ပြား ၅၀ တန်ကနေ အခုထုတ်ဝေမယ့် ၅,၀၀၀ ကျပ်တန်အထိ ၁၃ မျိုးရှိပါတယ်။ ဒါပေမဲ့ ၂၀၀ ကျပ်တန်အထိ အထူးရှားပါးနေပြီး တန်ဖိုးလည်းမရှိ၊ အသုံးလည်း မဝင်သလောက် ဖြစ်နေပါတယ်။

ဒီကနေ့ တိုင်းပြည်တွင်းမှာ လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးတန်ဖိုးပမာဏ ဘယ်ရွေ့ဘယ်မျှရှိတယ် ဆိုတာကို စစ်အစိုးရအနေနဲ့ မထုတ်ပြန်ခဲ့တာ ၁၅ နှစ်လောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG