သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုငလျင် အပျက်အစီးအောက် လူ ၃,၀၀၀ ကျော်ပိတ်မိနေ


အင်ဒိုနီးရှားနိုင်ငံ ပဒန်း (Padang) ပင်လယ်ဆိပ်ကမ်းမြို့မှာ ဗုဒ္ဓဟူးနေ့က အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူပေါင်း အနည်းဆုံး ၃,၀၀၀ လောက်ရှိနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၇.၆ ရစ်ချ်တာစကေးနဲ့ လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် သေဆုံးသူပေါင်း ၁,၁၀၀ ထက်မနည်း ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လူဦးရေ ၉ သိန်းလောက်ရှိတဲ့ ပဒန်းမြို့ဆီကို ကူညီကယ်ဆယ်ရေးလုပ်သားတွေ အရောက်သွားနိုင်ဖို့ ကြိုးစားနေကြပါ တယ်။ မြို့ထဲမှာ ကားတွေ ပြည့်ကျပ်နေလို့ အရေးပေါ်လူနာတင်ယာဉ်တွေ လိုရာရောက်နိုင်ဖို့လည်း အခက်တွေ့နေပါ တယ်။ မီးတွေလည်း ပျက်နေတဲ့အတွက် မီးပွိုင့်တွေလည်း အလုပ်မလုပ်ပါဘူး။ ဆေးဝန်ထမ်းအဖွဲ့တွေ အနံ့ခံခွေးတွေနဲ့၊ မြေရှင်းစက်ကိရိယာတွေ အရေးပေါ်သုံး ပစ္စည်းတွေ တဖြည်းဖြည်းနဲ့တော့ ပဒန်းမြို့ဆီကို ရောက်လာနေပါပြီ။

မြေငလျင်ကြောင့် နေအိမ်တွေ၊ ရုံးတွေအပါအဝင် စီးပွားရေးဆိုင်ရာ အဆောက်အဦတွေ၊ ဆေးရုံတွေ၊ ဟိုတယ်တွေ၊ ဗလီ တွေ၊ ဘုရားကျောင်းတွေ ပြိုကျ ပျက်ဆီးခဲ့ပါတယ်။ စစ်သားတွေ၊ ရဲတွေနဲ့ လုပ်အားပေးသူတွေဟာ ပျက်စီးသွားတဲ့ အမ်ဘာကန် (Ambacang) ဟိုတယ်ကြီးအောက်က လူတွေကို ကယ်ဆယ်နိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။ အဲဒီ အောက် ထဲမှာ ပိတ်မိနေသူတယောက်က လူတချို့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ် ဆိုတာကို လက်ကိုင်ဖုန်းကနေ text message ပို့ခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ပဒန်းမြို့နဲ့ဝေးတဲ့ ကျေးရွာတချို့ကတော့ မြေပြိုကျလို့ ရွာလုံးကျွတ် မြေအောက်ဖုံးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG