သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာမယ့် အာဆီယံ ထိပ်သီး ညီလာခံအတွင်း လုံခြုံရေး ပိုတင်းကျပ်မည်


ထိုင်းနိုင်ငံမှာ အောက်တိုဘာလ ၂၃ ရက်က ၂၅ ရက်အထိ အာဆီယံ ထိပ်သီးစည်းဝေးပွဲ ကျင်းပတဲ့ ကာလအတွင်း ပြည်တွင်းလုံခြုံရေး ဥပဒေကို အတိအကျ ကျင့်သုံးကာ ဘန်ကောက်မြို့က ဆန္ဒပြပွဲများကို ကိုင်တွယ်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) က ပြောဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင် ၁၈,၀၀၀ ကို စည်းဝေးပွဲ ကျင်းပမယ့် ဟွာဟင်းနဲ့ ချာအမ်း အပန်းဖြေ စခန်းများမှာ ချထားမှာဖြစ်ပြီး ဆန္ဒပြသမားများကတော့ ဘန်ကောက်မြို့မှာ စုဝေးကြဖို့ စီစဉ်ထားကြပါတယ်။

အာဆီယံ ထိပ်သီးစည်းဝေးပွဲ မထိခိုက်အောင် လုံခြုံရေးကိစ္စကို မိမိတို့ အစိုးရက အလေးထား ကိုင်တွယ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG