သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ကို ဒေါ်လာသန်း ၇,၅၀၀ ထောက်ပံ့ရေး သမ္မတအိုဘားမား လက်မှတ်ထိုး


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပါကစ္စတန်နိုင်ငံသို့ ဒေါ်လာ သန်းပေါင်း ၇,၅၀၀ အထောက်အပံ့ ပေးရေးကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံသို့ အကြီးအကျယ် ထောက်ပံ့ရေးကို ပါတီ ၂ ခုစလုံး၊ လွှတ်တော် ၂ ရပ်စလုံးက တညီတညွတ်တည်း ထောက်ခံ အတည်ပြုခဲ့ကြတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

အမေရိကန်နိုင်ငံက ပါကစ္စတန်ကို မဟာဗျူဟာ မိတ်ဖက်ဖြစ်မှုအပေါ် အခြေခံပြီး ဆက်ဆံသွားလိုတယ်၊ ပါကစ္စတန်နိုင်ငံက ဒီမိုကရေစီရေး အဖွဲ့အစည်းများနဲ့ ပါကစ္စတန် ပြည်သူများအား ထောက်ခံသွားမယ်လို့ သမ္မတ ဘရက်ခ် အိုဘားမားက ပြောဆိုပါတယ်။

ပါကစ္စတန်နိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဒီမိုကရေစီအင်အား ဖြည့်တင်းမှု၊ တရားဥပဒေ စိုးမိုးရေးနဲ့ အစွန်းထွက်မှု တိုက်ဖျက်ရေး တို့ကနေ ပါကစ္စတန် ပြည်သူများရဲ့ဘ၀ မြှင့်တင်ရေးအပေါ် အခြေခံကာ မိတ်ဖက်မှုကို ပုံဖော်သွားမယ်လို့လည်း အိမ်ဖြူတော် က ရှင်းလင်းဖော်ပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG