သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်ခြေထောက်ရောဂါ ကာကွယ်ရေး


အောက်တိုဘာ ၂၁၊ ၂၀၀၉။ Lymphatic Filariasis လို့ခေါ်တဲ့ ဆင်ခြေထောက်ရောဂါဟာ အဓိက ခြင်ကြောင့် ကူးစက်ပါတယ်။ ခြင် က ပါလာတဲ့ ဒီကပ်ပါး ပိုးကြောင့် လူ့ရဲ့ ပြန်ရေကြောစနစ်ထဲ ရောဂါရပြီး ခန္ဓာကိုယ်လက်အင်္ဂါ ပုံပျက်ပန်းပျက်ဖြစ်ပြီး ခန္ဓာကိုယ် မသန်စွမ်းဖြစ်ရပါတယ်။

ဒီရောဂါဟာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၈၃နိုင်ငံမှာ အဓိက ကူးစက်ပျံနှံနေပါတယ်။ ဆင်ခြေထောက်ရောဂါဟာ အခြားကူးစက်ရောဂါတွေနဲ့ နှိုင်းယှဉ်ရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါမဟုတ်သလို၊ ရောဂါတိုက်ဖျက်ရေးတကယ်လုပ်မယ်ဆိုရင် ရောဂါပိုး အမြစ်ပြတ်အောင် ဆောင်ရွက်နိုင်တယ်လို့ လူထုကျန်းမာရေးကျွမ်းကျင်သူတွေ ယုံကြည်ကြပါတယ်။

ဒါကြောင့် ဆင်ခြေထောက်ရောဂါ ကမ္ဘာမှာအမြစ်ပြတ်ဖို့ဆိုရင် အစိုးရအဖွဲ့အစည်းတွေ လူထုကျန်းမာရေးကျွမ်းကျင်သူတွေဖက်က ပိုင်းဖြတ်ချက်ရှိရှိ ဆောင်ရွက်ဖို့လိုသလို၊ ဒီလုပ်ငန်းစဉ်အတွက် ဆေးကုမ္ပဏီကြီးတွေလို စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပံ့ပိုးမှု ရုပ်ဝတ္တုငွေကြေးထောက်ပံ့မှုတွေကလည်း အရေးကြီးပါတယ်။

ဆင်ခြေထောက်ရောဂါ ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်လို ကာကွယ်နိုင်သလဲ ဆိုတာတွေကို တောင်အာဖရိကနိုင်ငံက ဒေါ်က်တာသိန်းဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG