သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဝန်ထမ်းတချို့ အာဖဂန်မှ ယာယီပြောင်းရွှေ့


လုံခြုံရေး စိုးရိမ်ရတဲ့အတွက် အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ နိုင်ငံတကာဝန်ထမ်း အနည်းဆုံး ၆၀၀ လောက်ကို ယာယီပြောင်းရွှေ့ နေရာချထားမယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

အာဖဂန်နိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပက ပိုပြီး လုံခြုံမှုရှိတဲ့ နေရာတွေဆီကို ဝန်ထမ်းဦးရေ ၁,၁၀၀ ထဲက တဝက်လောက်ကို နေရာပြောင်းရွှေ့ ချထားဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့တဲ့အကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ပြီးခဲ့တဲ့တပတ်တုန်းက တာလီဘန် စစ်သွေးကြွတွေကနေ ကဘူးလ်မှာရှိတဲ့ နိုင်ငံတကာ ဧည့်ရိပ်သာကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့လို့ နိုင်ငံခြားသား ကုလသမဂ္ဂဝန်ထမ်း ၅ ဦး သေဆုံးခဲ့ရပါတယ်။

ကြာသပတေးနေ့တုန်းကလည်း အာဖဂန်အရှေ့ပိုင်းမှာ နေတိုး ကင်းလှည့်အဖွဲ့ကို စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအတွင်း အမေရိကန် စစ်သားတဦး သေဆုံးခဲ့တယ်လို့ နေတိုးတပ်ဖွဲ့က ပြောဆိုပါတယ်။ ဒါ့အပြင် ဝါဒက်ခ် (Wardak) နဲ့ ခို့စ်တ် (Khowst) ပြည်နယ်တွေအတွင်းမှာ မသင်္ကာဖွယ် စစ်သွေးကြွ တော်တော်များများကို နေတိုးအဖွဲ့က ပစ်သတ်နိုင်ခဲ့တယ်လို့ နေတိုးက ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က သူ့နိုင်ငံအနေနဲ့ အာဖဂန်မှာ စစ်ပွဲတွေ ဆက်တိုက်ဖို့ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG