သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဝန်ထမ်း လစာ တိုးပေးတော့မည်


အခုလ ဇန်နဝါရီလ အကုန်ကစလို့ မြန်မာနိုင်ငံမှာ အစိုးရဝန်ထမ်း လစာတွေကို တိုးမြှင့်ပေးမယ်ဆိုပြီး မနေ့က အစိုးရနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေက သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါဟာ ဒီနှစ်မှာ အစိုးရက ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ သူတို့အပေါ် ထောက်ခံမှု အားကောင်းအောင် စီမံတာ ဖြစ်နိုင်တယ်လို့ တချို့က သုံးသပ်ပါတယ်။

အခုလို အစိုးရဝန်ထမ်း လစာတွေ တိုးမြှင့်မယ့် အစီအစဉ်သစ်အရ တလကို လစာ ကျပ် ၁၅,၀၀၀ လောက်ပဲရတဲ့ ဝန်ထမ်းကနေ တလကို လစာကျပ် ၈၀,၀၀၀ အထိရတဲ့ အလယ်အလတ်အဆင့် အစိုးရဝန်ထမ်းတွေ အားလုံး ကျပ် ၂၀,၀၀၀ စီ လစဉ် တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။

လစဉ် လစာ ကျပ် ၁၀၀,၀၀၀ နဲ့အထက် ရတဲ့ ဝန်ထမ်းတွေကတော့ လစာတိုးမြှင့်ပေးမယ့် အစီအစဉ်ထဲမှာ မပါဝင်ပါဘူး။ အခုလို လစာတိုးမြှင့်မယ့်အကြောင်းကို မြန်မာစစ်အစိုးရ အနေနဲ့တော့ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG