သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေကျင်း ရာသီဥတုဆိုး၊ သွားလာရေး ခက်ခဲ


တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တနင်္ဂနွေနေ့က ဆီးနှင်းတွေ ထူထူထပ်ထပ် ကျခဲ့တဲ့အတွက် အသွားအလာတွေ ဆိုင်းသွားခဲ့ပြီး ထောင်ချီတဲ့ ခရီးသည်တွေ လေဆိပ်တွေမှာ သောင်တင်နေခဲ့ကြပါတယ်။ တနင်္လာနေ့အထိ နှင်းမုန်တိုင်း ဆက်ကျနေလိမ့်မယ်လို့ ဘေဂျင်း မိုးလေဝသဌာနက ပြောပါတယ်။ အပူချိန်ကလည်း ရေခဲမှတ်အောက် ၁၆ ဒီဂရီ ကျနေလိမ့်မယ်လို့ ဆိုပါတယ်။

ဘေဂျင်းမြို့တော် လေဆိပ်မှာ အသွားအလာတွေ ရပ်ဆိုင်းသလောက် ဖြစ်သွားခဲ့ပြီး လေယာဉ်ခရီးစဉ် ၉၀% ကျော်ကို ဆိုင်းထားခဲ့ရပါတယ်။ မြောက်ပိုင်းက လေဆိပ်တွေမှာလည်း အဝင်အထွက် ခရီးစဉ်တွေ အလားတူ ဆိုင်းထားတာကို ကြုံနေကြရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း နှင်း နည်းနည်းပဲ ကျခဲ့တဲ့ ဘေဂျင်းမြို့ဟာ ဒီဆောင်းမှာတော့ နှင်းမုန်တိုင်းတွေ ကြုံနေခဲ့ရပါတယ်။
တီယန်ကျင်း၊ မွန်ဂိုးလီးယား အတွင်းပိုင်းနဲ့ ဟာဘေဒေသတွေ အပါအဝင် မြောက်ပိုင်း တရုတ်ပြည်မှာ ရာသီဥတုက ဆိုးဝါးနေပြီး ဒီအပတ်မှာ အပူချိန် ဆက်ကျနေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG