သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ ရေဒီယို မြန်မာအစိုးရ စစ်ဘက်မှာသုံး


မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း မရောင်းချဖို့ သြစတြေးလျနိုင်ငံက အရေးယူ ဒဏ်ခတ်ထားတဲ့ကြားကပဲ သြစတြေးလျ ကုမ္ပဏီတခုကနေ ရောင်းချတဲ့ ခေတ်မီနည်းပညာသုံး ရေဒီယိုတွေကို မြန်မာစစ်တပ်မှာ အသုံးချနေတယ်လို့ နိုင်ငံတကာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သြစတေးလျနိုင်ငံ ပါ့သ် (Perth) မှာ အခြေစိုက်တဲ့ ဘားရက်တ် (Barett) ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီကနေ ရေဒီယိုလှိုင်းကြိမ်များတဲ့ ခေတ်မီရေဒီယို အလုံးရေ ၅၀ ကို ရောင်းချပေးခဲ့တယ်လို့ သြစတြေးလျ သတင်းတွေမှာ ဖော်ပြပါတယ်။ ကုမ္ပဏီ တာဝန်ရှိသူကလည်း ဒါကို အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီပစ္စည်းတွေဟာ ဈေးကွက်မှာ ရနိုင်တဲ့ အရပ်ဘက်သုံး ရေဒီယိုတွေဖြစ်ပြီး စစ်ဘက်သုံးဖို့ ရည်ရွယ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

အဲဒီက လွှင့်ထုတ်တဲ့ ရေဒီယိုလှိုင်းကို ကြားဖြတ်နားထောင် ရယူလို့ မလွယ်ကူပါဘူး။ အခုလို ဒီ ရေဒီယိုတွေကို မြန်မာစစ်အစိုးရကို ရောင်းချတဲ့အတွက် သြစတြေးလျ အထက်လွှတ်တော်အမတ် စကော့ လုဒ်လမ် (Scott Ludlam) ကတော့ ဝေဖန်ကန့်ကွက်ပြီးတော့ နောက်ထပ် ရောင်းချဖို့ရှိတယ်ဆိုရင် ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီရေဒီယိုတွေကို မြန်မာစစ်တပ်ဟာ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို စစ်ဆင်နှိမ်နင်းရာမှာ အသုံးပြုခဲ့တယ်လို့ နိုင်ငံတကာ စောင့်ကြည့်သူတွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အထက်လွှတ်တော်အမတ် လုဒ်လမ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG