သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုအဆိပ်ဓာတ်ငွေ့ အလီကို အီရတ်မှာ ကွပ်မျက်


ဓာတုအဆိပ်ဓာတ်ငွေ့ အလီလို့ လူသိများတဲ့ ဆက်ဒမ် ဟူစိန် (Saddam Hussein) ရဲ့ လက်ရုံးလည်းဖြစ်၊ တဝမ်းကွဲ ညီအကိုတော်လည်း ဖြစ်တဲ့သူကို လူသားမျိုးနွယ်ပေါ် စော်ကားတဲ့ ရာဇဝတ်မှုနဲ့ ကွပ်မျက်လိုက်ပြီလို့ အီရတ်အစိုးရက ကြေညာပါတယ်။

သူ့ကို တနင်္လာနေ့က ကြိုးပေးလိုက်တာ ဖြစ်တယ်လို့ အီရတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အလီ အယ်လ် ဒက်ဘ်ဘာ့ဂ် (Ali al-Dabbagh) က ပြောပါတယ်။

အီရတ်တရားရုံးတွေက သူ့ကို သေဒဏ် ၄ ကြိမ် ချမှတ်ခဲ့ပါတယ်။ နောက်ဆုံးပြစ်ဒဏ်ကတော့ ဒီလ အစောပိုင်း မကြာသေးမီက ဖြစ်ပါတယ်။

၁၉၈၈ တုန်းက ကဒ်ဒေသ အရှေ့မြောက်ပိုင်းက ရွာတရွာဖြစ်တဲ့ ဟာလပ်ဘ်ဂျာ (Halabja) ကို အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ကြောင်း အပြစ်ထင်ရှားတယ်လို့ အယ်လ် မာဂျစ်ဒ် (Al-Majid) အပေါ် နောက်ဆုံး ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကဒ်လူမျိုး ၅,၀၀၀ သေဆုံးခဲ့ကြရပါတယ်။ဒါကြောင့်လည်း သူ့ကို ဓာတုအဆိပ်ဓာတ်ငွေ့ အလီလို့ သိကြပါတယ်။

ကြိုးပေး ကွပ်မျက်စဉ်အတွင်း သူ့ကို ကြည့်သူတွေက အော်ဟစ်ဆဲဆိုတာ မရှိခဲ့ဘူးလို့ အီရတ် တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၀၆ခုနှစ်မှာ ဆက်ဒမ် ဟူစိန်ကို ကွပ်မျက်စဉ်ကတော့ သူ့ကို အော်ဟစ်ဆဲဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG