သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုန်းတော်ကြီး ဒလိုင်း လားမားနဲ့ မတွေ့ဆုံဖို့ သမ္မတ အိုဘားမားအား တရုတ် သတိပေး


တရုတ်နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စု နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေနိုင်တာမို့ သမ္မတ အိုဘားမား (Obama) အနေနဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) ကို မတွေ့ဆုံဖို့အတွက် တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။

တကယ်လို့ သမ္မတ အိုဘားမား အနေနဲ့ ဘုန်းတော်ကြီး ဒလိုင်း လားမားကို တွေ့ခဲ့မယ်ဆိုရင် နှစ်နိုင်ငံ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက် ပျက်ပြားစေနိုင်တယ်လို့ တရုတ်နိုင်ငံ တိဘက်ရေးရာဌာန အကြီးအကဲ ဇူဝေကျွန်း (Zhu Weiqun) က ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဘုန်းတော်ကြီး ဒလိုင်း လားမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တရုတ် တာဝန်ရှိသူတွေ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပြီး တိဘက်အရေး ဆွေးနွေးခဲ့ကြပေမဲ့ ဘာတခုမှ ရေရေရာရာ ညှိနှိုင်းလို့ မရခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG