သုံးရလွယ်ကူစေသည့် Link များ

လူငယ်နဲ့ ရွေးကောက်ပွဲ


မြန်မာနိုင်ငံမှာ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပဖို့ ပြောထားတဲ့အချိန်ဟာ တရက်ပြီး တရက် နီးသထက် နီးကပ် လာနေပါပြီ။ တကယ် ကျင်းပဖြစ်မယ်ဆိုလို့ရှိရင် လူငယ် မဲဆန္ဒရှင်တွေလည်း အများကြီး ရှိလာပါလိမ့်မယ်။ ဒီတော့ မြန်မာ လူငယ်တွေဟာ တိုင်းပြည်အတွက် မဲပေးတဲ့ ကိစ္စမျိုးလို အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေကြပြီလား။ လူငယ်တွေ အရည်အသွေး တိုးတက်ရေးအတွက် ဘာတွေ လုပ်သင့်သလဲဆိုတာကို ဆွေးနွေးဖို့ ကျောင်းဆရာဟောင်းလည်းဖြစ်၊ စာရေးဆရာကြီးလည်း ဖြစ်တဲ့ ဦးအောင်သင်း၊ အကယ်ဒမီ ဒါရိုက်တာ ဦးဝင်းဖေတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG