သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို ခုံရုံးတင်ရေး ကုလ ထောက်ခံမှုပေးရန် နိုဘယ်လ်ဆုရှင်တွေ တောင်းဆိုမည်


လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံးက အရေးယူဖို့ တောင်းဆိုနေတာတွေကို အားပေး ထောက်ခံလာအောင် တိုက်တွန်းဖို့အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၂ ဦး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ နယူးယောက်ခ်မြို့မှာ ဒီကနေ့ တွေ့ဆုံဖို့ ရှိပါတယ်။

အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တာမို့ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူသင့်တဲ့အကြောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၂ ဦးဖြစ်တဲ့ ရှီရင်း အီဘာဒင် (Shirin Ebadin) နဲ့ ဂျိုဒီ ဝီလီယမ်စ် (Jody Williams) တို့က ပြောခဲ့ကြတာပါ။

လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူ မြန်မာအမျိုးသမီးတွေလည်း တက်ရောက် ထွက်ဆိုခဲ့ကြတဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ကြားနာပွဲတခုကို ဒီတပတ်ထဲ ကျင်းပခဲ့ရာက ထွက်ပေါ်လာတဲ့ အချက်အလက်တွေကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေနဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက မနေ့တုန်းကပဲ ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

နယူးယောက်ခ်မြို့က ကြားနာပွဲအတွင်း မြန်မာစစ်တပ်က အမျိုးသမီးတွေအပေါ် အဓမ္မ ပြုကျင့်တာတွေ၊ နှိက်စက်ညှဉ်းပန်းတာတွေနဲ့ တခြား လူမဆန်တဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသမီး ၁၂ ဦးက သက်သေခံ ထွက်ဆိုခဲ့ကြတာပါ။

ဒီနောက်မှာတော့ မြန်မာအမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒီပြဿနာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံးကို လွှဲပြောင်းပေးဖို့လည်း တိုက်တွန်းခဲ့သလို ကုလသမဂ္ဂ အနေနဲ့ မြန်မာအာဏာပိုင်တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့အညီ ရှိစေအောင် ဖိအားပေး ဆောင်ရွက်သွားဖို့ကိုလည်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG