သုံးရလွယ်ကူစေသည့် Link များ

မုံရွာဗောဓိတထောင် ၀က်တုပ်ကွေးဖြစ်


စစ်ကိုင်းတိုင်း မုံရွာမြို့ ဗောဓိတထောင် ကျောင်းတိုက်မှာ ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားနေတဲ့အတွက် ဗောဓိတထောင်ကို ဖြတ်သန်းသွားလာခွင့်မရှိတဲ့ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားရပါတယ်။ သံဃာတော်တွေ နာမကျန်းဖြစ်နေတာ ၃-၄ ရက်လောက် ရှိနေခဲ့ပြီးတဲ့နောက် သံဃာတော် ၈ ပါးကို ဆေးရုံတင်ကုသခဲ့ရာက အခုအခါမှာ နောက်ထပ် သံဃာတော် အပါး ၆၀ လောက်ကို ဒီကနေ့ပဲ ထပ်ပို့ရဦးမယ်လို့ သိရပါတယ်။ အစောပိုင်းအခြေအနေကို ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

"ကျနော်တို့က မုံရွာမြို့ဘက်မှာ တုပ်ကွေးပေါ့နော်၊ သူကတော့ လူတုပ်ကွေးလို့ပဲ အစိုးရက ကြေညာတာပေါ့နော်။ အခြေအနေကတော့ ဖြစ်တာကတော့ သိတာ ၄ ရက်လောက်ရှိပြီပေါ့နော်။ ၄ ရက်လောက်ရှိတာကို မနေ့ညကတော့ တိုင်းမှူးကိုယ်တိုင် ဆင်းလာပြီး အစည်းအဝေးလုပ်ပြီးတော့ ဒီနေ့ကစပြီးတော့ အ၀င်အထွက်မလုပ်ရဘူး၊ အဲဒီမှာ။ မုံရွာ ဗောဓိတထောင်ပေါ့၊ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူဘုရား ရှိတဲ့နေရာပေါ့။ အဲဒီမှာ စာသင်တိုက်လည်း လုပ်ထားတယ်လေ။ စာသင်တဲ့ဘုန်းကြီးတွေလည်း ရှိတာပေါနော့်။ မနေ့ညက သူတို့ စာရင်းချုပ်လိုက်တာတော့ တရားဝင် ၆၀ ကျော်သွားပြီပေါ့ ဖြစ်နေတာ။ အပါး ၆၀ ကျော်ကို အခု ဆေးရုံတင်ထားရတယ်။ ကျန်တဲ့ဟာတွေကတော့ ကျောင်းထဲမှာပဲ ဆရာဝန်တွေ၊ သမားတော်တွေ လာပြီး ကုပေးတယ်။

“သူတို့ လောလောဆယ်တော့ ၁၀ ရက်လောက် ယာယီပိတ်ထားမယ်ပေါ့နော်။ အဲဒီလို ကြေညာထားတယ်။ ရွာထဲကတော့ အရပ်သားတယောက် လောလောဆယ် တွေ့တယ်ပေါ့။ ရွာထိပ်ကပါပဲ။ ကျောင်းနဲ့ရွာနဲ့ကလည်း ဆက်နေတာလေ။ ရွာထဲကလည်း ဒီကျောင်းကိုမှီပြီးတော့ပဲ လုပ်ကိုင်စားသောက်နေရတာလေ၊ အရောင်းအ၀ယ် ဘုရားဖူးတွေ လာတဲ့အခါပေါ့။ အခုဟာက ဘုရားဖူးလည်း ပိတ်ထားပြီ။ စောစောက ရထားထွက်တာလည်း အားလုံး လမ်းတွေ ပိတ်လိုက်ပြီပေါ့နော်။ ဒီနေ့ကစပြီး။ တိုင်းမှူးကိုယ်တိုင် ဆင်းလာတယ်။ အနောက်မြောက်တိုင်း တိုင်းမှူးပဲလေ။ စစ်ကိုင်းတိုင်းမှူး။ အခု ဘုရားဖူးတွေ အ၀င်အထွက်တွေရောဘာတွေရော လုံးဝ အ၀င်မခံတော့ဘူး။ ပြန်လွှတ်တောပေါ့။ ဘုရားဖူးလို့မရတော့ဘူး။ အခုလောလောဆယ် ပိတ်ထားတယ်ပေါ့နော်။ သူတို့ကတော့ ယာယီ ၁၀ ရက်လောက်ပိတ်မယ်လို့ ပြောထားတယ်၊ ဒီနေ့စပိတ်တယ်။"

မုံရွာမြို့ ဗောဓိတထောင်မှာ ၀က်တုပ်ကွေးရောဂါဖြစ်ပွားနေတဲ့အကြောင်း ဒေသခံတဦး ပြောပြသွားတာဖြစ်ပါတယ်။

H1N1 ၀က်တုပ်ကွေးရောဂါကို ၀က်တုပ်ကွေးလို့မခေါ်ဖို့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီးတဲ့နောက် မြန်မာအာဏာပိုင်တွေက လူတုပ်ကွေးလို့ ပြောင်းလဲခေါ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG