သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲဖြစ်ရေး အာဆီယံ တိုက်တွန်း


လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲဖြစ်ရေး အာဆီယံ တိုက်တွန်း
လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲဖြစ်ရေး အာဆီယံ တိုက်တွန်း

စစ်အစိုးရရဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးတည်ဆောင်ရွက်ဖို့ အာဆီယံ (ASEAN) ခေါင်းဆောင်တွေက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွ့ံ့ဖြိုးတိုးတက်မှုတွေအတွက် မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီလမ်းပြမြေပုံအတိုင်း ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ကို အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံ ဟန်နွိုင်းမြို့ (Hanoi) မှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ ၁၆-ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်များ အစည်းအဝေး (ASEAN Summit) အတွင်း မြန်မာ့အရေး ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မသင်းသီရိ, က တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG