သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးပေါက်ကွဲပြီး ရန်ကုန် အခြေအနေ


ဗုံးပေါက်ကွဲပြီး ရန်ကုန် အခြေအနေ
ဗုံးပေါက်ကွဲပြီး ရန်ကုန် အခြေအနေ

သင်္ကြန်အကြတ်နေ့ ကန်တော်ကြီး ကန်ပတ်လမ်း X2O ရေကစားမဏ္ဍပ်မှာ ဗုံးသုံးလုံးပေါက်ကွဲခဲ့လို့ လူအနည်းဆုံး (၈) ယောက်ကျော်သေ၊ (၁၇၀) ဦး ဒဏ်ရာရခဲ့ပြီး နောက်ပိုင်း ရန်ကုန်မြို့အတွင်း ဗုံးလန့်မှုတွေ မကြာခဏဖြစ်ပေါ်နေသလို လူအများစုဟာလည်း ဘယ်မှ မသွားရဲ မလာရဲ ကျီးလန့်စာစား အခြေအနေမျိုးမှာ ရောက်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောဆိုပါတယ်။ နောက်ထပ် ဗုံးခွဲတိုက်ခိုက်မှုတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်ပြီး လူတွေ သိပ်အပြင် မထွက်ကြတဲ့အတွက် သင်္ကြန်အပြီး ရန်ကုန်မြို့အခြေအနေဟာ ခြောက်ကပ်ကပ် ဖြစ်နေတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ အကြောင်းစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG