သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီးသစ် အာရှနှစ်နိုင်ငံ ခရီးစတင်


ပင်တဂွန် စစ်ဌာနချုပ်ကို သမ္မတ Trump နဲ့အတူ ရောက်ရှိလာတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး သစ် Jim Mattis
ပင်တဂွန် စစ်ဌာနချုပ်ကို သမ္မတ Trump နဲ့အတူ ရောက်ရှိလာတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး သစ် Jim Mattis

အမေရိကန် ကာကွယ်ရေးဝန်ကြီး အသစ် Jim Mattis ဟာ သူ့ရဲ့ ပထမဦးဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေကို ဗုဒ္ဓဟူး နေ့မှာ စတင်ထွက်ခွါခဲ့ပါတယ်။

အခု ခရီးစဉ်ဟာ အမေရိကန်ရဲ့ အရင်းနှီးဆုံး စစ်ရေးမဟာမိတ် ၂ နိုင်ငံရဲ့ စိုးရိမ်စိတ်ပူမှုတွေကို ဝန်ကြီး Mattis နားထောင်နိုင်မယ့် အခွင့် အလန်း တရပ်ဖြစ်တယ်လို့ ပင်တာဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

ဝန်ကြီး Mattis ဟာ တောင်ကိုရီးယား ယာယီသမ္မတ Hwang Kyo-ahn ၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့နဲ့ တွေ့ဆုံဖို့ ရှိသလို ၂ နိုင်ငံစလုံး က ကာကွယ်ရေးဝန်ကြီးတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲကာလတွင်း ပြောဆိုချက်တွေထဲမှာ ပစိဖိတ်ဒေသတွင်းလုံခြုံရေးအတွက် အမေရိကန်က လုံခြုံရေး တာဝန်ယူတာကို ဂျပန်နဲ့ တောင်ကိုရီးယား အပါအဝင် ဒေသတွင်း နိုင်ငံတွေက ငွေကြေးထောက်ပံ့ဖို့ အပြင် မြောက်ကိုရီးယားရဲ့ နျူကလီယား ခြိမ်းခြောက်မှုကို တားဆီးဖို့ ဂျပန်အနေနဲ့ ကိုယ်ပိုင် နျူကလီယား လက်နက် ရှိအောင် လုပ်သင့်တယ်ဆိုတဲ့ အကြံပေးမှုတွေပါ ပါဝင်နေတာပါ။ ဒါ့ကြောင့် အခု ဝန်ကြီး Mattis ရဲ့ ခရီးစဉ်ဟာ အမေရိကန်အစိုးရသစ်ဘက်က သူ့ရဲ့ ပစိဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာတွေ ရှင်းရှင်းလင်းလင်း ချမပြခင် လပိုင်းအလိုမှာ မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေစေဖို့ ရည်ရွယ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်ထဲ လူလုပ်ကျွန်းတွေ ဆက်ပြီး တည်ဆောက်နေသလို အဲဒီထဲက ကျွန်းတချို့နဲ့ ပါတ်သက်ပြီး အိမ်နီးချင်း နိုင်ငံတွေနဲ့ ပိုင်နက် အငြင်းပွါးမှုတွေ ရှိနေချိန်မှာ အမေရိကန်သမ္မတ အိမ်ဖြူက တောင်တရုတ် ပင်လယ်ပြင် အရေးမှာ နက်နက်ရှိုင်းရှိုင်းပါဝင်ဖို့ ပြောဆိုခဲ့ပြီးတဲ့ နောက်မှာ ဝန်ကြီး Mattis က အခုလို အရှေ့အာရှ ခရီးစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG