သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဘူးလ်က ရှီးယားဗလီဗုံးခွဲမှု ၃၂ ယောက်ထက်မနည်း သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်က Shi’ite မူဆလင်ဗလီတခုမှာ ဒီကနေ့ လူ ၃၂ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် ၈၀ ကျော် ဒဏ်ရာရခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS စစ်သွေးကြွအဖွဲ့က ပြောဆိုလိုက်ပါတယ်။

လူတွေ အများအပြားရှိနေတဲ့ Baqir ul Olum ဗလီမှာ ဘာသာရေးအခမ်းအနားတခု ကျင်းပနေတဲ့အချိန် အသေခံဗုံးခွဲသမားက လူတွေကြားထဲ ဝင်လာပြီး သူ့ကိုယ်ပေါ်မှာပါလာတဲ့ ဗုံးကို ခွဲလိုက်တာ ဖြစ်ပါတယ်။

သေဆုံး ဒဏ်ရာရသူ အားလုံးဟာ အရပ်သားတွေဖြစ်တယ်လို့ ကဘူးလ်မြို့ရဲ့ ပြစ်မှုဆိုင်ရာမှုခင်း စစ်ဆေးရေးဌာနအကြီးအကဲ ဗိုလ်ချုပ်ကြီး ဖာအိုဒွန်း အိုဘိုင်ဒီ က ပြောပါတယ်။

အာဖဂန်သမ္မတ Ashraf Ghani ကတော့ အာဖဂန်နိုင်ငံ လူမျိုးစုတွေကို သွေးကွဲအောင်ရည်ရွယ်တဲ့ ရန်သူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အစိုးရအဖွဲ့ အကြီးအကဲ Abdullah Abdullah က ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ လိုက်ပြီး၊ ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေရာမှာ ကလေးတွေအပါအဝင် အပြစ်မရှိတဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒါဟာ စစ်ရာဇဝတ်မှုဖြစ်သလို၊ အစ္စလာမ်ဘာသာကို ဆန့်ကျင်တိုက်ခိုက်တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG