သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် တိုက်ခိုက်မှုကြောင့် အာဖဂန်မှာ ၃၀ ထက်မနည်း သေဆုံး


တာလီဘန်တိုက်ခိုက်မှုကြောင့် အာဖဂန်မှာ ၃၀ ထက်မနည်း သေဆုံး
တာလီဘန်တိုက်ခိုက်မှုကြောင့် အာဖဂန်မှာ ၃၀ ထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ အင်္ဂါနေ့မနက်က တာလီဘန် လက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် လူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၂၇ ယောက်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ကဘူးလ်မြိုးတော်က အာဖဂန်ရဲတပ်ဖွဲ့နဲ့ ကျန်မားရေး အရာရှိတွေက ပြောပါတယ်။

အစိုးရအရာရှိတွေအတွက် လုံခြုံရေးတာဝန်ယူရတဲ့ အာဖဂန် ထောက်လှမ်းရေးအေဂျင်စီလက်အောက် လုံခြုံရေးအထူးတပ်ဖွဲ့တခု စခန်းချတဲ့ အဆောက်အဦးကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲသူက တိုက်ခိုက်ခဲ့တာလို့ အစိုးရအရာရှိတွေက ပြောပါတယ်။

တိုက်ခိုက်သူဟာ အဲဒီ အဆောက်အဦး အဝင်ပေါက်နားမှာ ဒေသစံတော်ချိန် မနက် ၉ နာရီလောက်က ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ကားကို ဖောက်ခွဲပြီး စတင်တိုက်ခိုက်ခဲ့တာပါ။ ကားထဲမှာ ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ်ရာနဲ့ချီ ပါတယ်လို့ အာဖဂန်နစ္စတန်ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရ Sediq Siddiqi က သတင်းထောက်တွေကို ပြောပါတယ်။ တိုက်ခိုက်သူ ဘယ်နှစ်ဦး ပါဝင်သလဲ အတိအကျသိရဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပေမဲ့ လုံခြုံရေးအားနည်းမှုကြောင့် ခုလို လူတွေသေတဲ့အထိ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ပြောခွင့်ရက ဝန်ခံ ပြောဆိုသွားပါတယ်။

နောက်ပိုင်း တိုက်ခိုက်သူတွေနဲ့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ နာရီအတော် ကြာခဲ့ပြီး တိုက်ခိုက်သူအားလုံး သေဆုံးခဲ့တယ်လို့လည်း အစိုးရအရာရှိတွေက ပြောပါတယ်။ တချို့ကတော့ သူတို့ဟာသူတို့ အသေခံ ဖောက်ခွဲ အဆုံးစီရင်ကြတာလို့လည်း ဆိုပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ Ashraf Ghani က ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

XS
SM
MD
LG