သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆေးရုံတိုက်ခိုက်မှု အနည်းဆုံး လူ ၃၀ သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ Kabul မြို့တော်မှာရှိတဲ့ နိုင်ငံရဲ့အကြီးဆုံး စစ်ဆေးရုံကို ဆရာဝန် အယောင်ဆောင်ထားသူတွေ အပါအဝင် လက်နက်ကိုင်တွေက ဗုဒ္ဓဟူးနေ့က ဝင်ရောက် တိုက်ခိုက်တာကြောင့် လူ ၃၀ ထက်မနည်း သေဆုံးပြီး နောက်ထပ် ဒါဇင် ပေါင်းများစွာ ဒဏ်ရာရသွားတယ်လို့ အာဖဂန်ကာကွယ်ရေးဌာနက ပြောပါတယ်။

အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက ဆေးရုံကို ချက်ခြင်းဝိုင်းလိုက်ပြီး နာရီအတော်ကြာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဝင်တိုက်တဲ့လူ အားလုံးကို သုတ်သင်လိုက်ပါတယ်။

တိုက်ခိုက်သူတွေဟာ Kabul မြို့လယ်ပိုင်းမှာရှိတဲ့ ကုတင် ၄၀၀ ဆန့် Sardar Daud Khan ဆေးရုံရဲ့ အဓိက ဝင်ပေါက်ကို အရင်ဆုံး အသေခံဖောက်ခွဲတယ်လို့ မျက်မြင်တွေကပြောပါတယ်။ အဲဒီနောက် မောင်းပြန်သေနတ်တွေ၊ လက်ပစ်ဗုံးတွေကိုင်ထားပြီး အသေခံဖောက်ခွဲရေးဝတ်စုံတွေ ဝတ်ထားတဲ့ လက်နက်ကိုင်အများအပြားက ဆေးရုံထဲ အတင်းဝင်တိုက်တာပါ။

လက်နက်ကိုင်တွေဟာ လူနာတွေနဲ့ ဆေးရုံလုပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီးတဲ့နောက် အာဖဂန်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ပစ်ခတ်ကြပြီး သေဆုံးကုန်တာပါ။ IS စစ်သွေးကြွအဖွဲ့ကို သစ္စာခံသူတွေက သူတို့လက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

ဒီဖြစ်ရပ်အတွင်း ဒဏ်ရာရသူတွေကိုတော့ အနီးအနားက Wazir Akbar Khan အရပ်ဘက်ဆေးရုံကို အရေးပေါ် လူနာတင်ယာဉ်တွေနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဒဏ်ရာရသူ အများစုကတော့ ဆေးရုံအလုပ်သမားတွေ ဖြစ်ပုံရပါတယ်။

အာဖဂန်ဆေးရုံတိုက်ခိုက်မှု အနည်းဆုံး လူ ၃၀ သေဆုံး
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG