သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဒေါ်စုနဲ့တွေ့ဆုံ


Democracy Partnership Committee နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ(ဓါတ်ပုံ-Ministry of Foreign Affairs Myanmar)
Democracy Partnership Committee နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ(ဓါတ်ပုံ-Ministry of Foreign Affairs Myanmar)

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အောက်လွတ်တော် Democracy Partnership Committee ဥက္ကဌ Mr. Peter Roskam ဟာ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ လွတ်တော် ရေးရာကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် Mr. Peter အနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ မြန်မာလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အောက်လွတ်တော် Democracy Partnership Committee ဥက္ကဌ Mr. Peter နဲ့ အဖွဲ့ဝင် ၇ ဦးတို့ဟာ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ တွေ့ဆုံမှုမှာ မိနစ် ၃၀ ကျော် ကြာမြင့်ခဲ့ပြီး အဓိကအားဖြင့်တော့ နှစ်နိုင်ငံ လွှတ်တော် ၂ ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါ်အေးအေးစိုးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့မနက် ၁၀ နာရီကတွေ့တယ်။ နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ လက်ခံတွေ့ဆုံတာဆိုတော့ သူ့ ဧည့်ခန်းမှာလာတွေ့တယ်။ အဓိကတော့ ၂ နိုင်ငံ ဆက်ဆံရေးပေါ့ ။ အဲဒီမှာမှ အသေးစိတ်ကတော့ ၂ နိုင်ငံ လွှတ်တော်တွေအချင်းချင်း ဆက်ဆံရေး Legislative branch ၂ ခု ဆက်ဆံတာပေါ့လေ။ လွှတ်တော်ဆိုပေမယ့် မြန်မာက လွှတ်တော်လို့ သုံးတာဆိုတော့ အဓိကတော့ မြန်မာ Legislative branch နဲ့ ဟိုဘက်က အမေရိကန် Legislative တို့ ၂ ခုကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့။”

Mr. Peter နဲ့ အဖွဲ့ဝင်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာတော့ လွှတ်တော် ကိုယ်စားလှယ် တစ်ချို့နဲ့ တွေ့ဆုံမှု ရှိတယ်လို့ ဒေါ်အေးအေးစိုးက ပြောပါတယ်။

“တခြားတော့ မဟုတ်ပါဘူး ကြည့်ရတာ တော်တော်များများကတော့ အင်တာဗျူးလာလုပ်သလိုပဲ ၊ အမတို့ ဝန်ကြီးကို သူတို့ရှေ့ ဝန်ကြီးအနေနဲ့ ဘယ်လို ရန်မှန်းချက်နဲ့ လုပ်မလဲ၊ အခက်အခဲကို ဘယ်လိုကျော်လွှားခဲ့ရသလဲ စသဖြင့်ပေါ့လေ။ ၈ ယောက်စလုံးက သူတို့မေးချင်တဲ့မေးခွန်းလေးတွေ ရောမေးသွားတာပါ။ သူတို့ရင်းရင်းနှီးနှီး လာပြီးစကားပြောသွားတာပါ။ အဓိကတော့ ဒီ လွှတ်တော် ၂ ရပ်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုလေးတွေလုပ်ချင်ပါတယ်။ သူတို့ဘက်က ဘာတွေများကူညီပေးရမလဲ၊ နောက်ပြီး ညနေကျမှလည်း သူတို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဖို့ရှိပါတယ်။ အဲဒီကျရင်ပြောပါမယ်ပေါ့လေ။ ဒါကတော့ ဝန်ကြီးကို ကနဦးနှတ်ဆက်ရင်းနဲ့ သူတို့အစီအစဉ်ကို လာပြောသွားတာပါ။”

Democracy Partnership Committee ဟာ အမေရိကန်ပါတီကြီးနှစ်ရပ်စလုံးက ကိုယ်စားလှယ်တွေပါဝင်ပြီး အဖွဲ့ဝင် ၂၀နဲ့ လည်ပတ်ဆောင်ရွက်နေတာပါ။ ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံတွေရဲ့ ဥပဒေပြုရေးဆောင်ရွက်ချက်တွေ လွှတ်တော်ရေးရာကိစ္စတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ဥပဒေပြုရေးပိုင်းဆိုင်ရာ သင်တန်းတွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အကူအညီပေးနေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဒေါ်စုနဲ့တွေ့ဆုံ
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG