သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကျမ်းကျိန်ပွဲ ဆန္ဒပြမှုတွေရှိမည်


People from around the United States marched in Washington, D.C., Saturday in support of rights of immigrants, refugees and Muslim communities ahead of next Friday's inauguration of President-elect Donald Trump. (A. Barros/VOA)
People from around the United States marched in Washington, D.C., Saturday in support of rights of immigrants, refugees and Muslim communities ahead of next Friday's inauguration of President-elect Donald Trump. (A. Barros/VOA)

အမေရိကန်ပြည်ထောင်စုရဲ့ အရွေးကောက်ခံ သမ္မတ Donald Trump သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကျင်းပဖို့ သီတင်းတပါတ်ပဲ လိုတော့ချိန်မှာ ဝါရှင်တန် ဒီစီ မြို့တော်မှာ တော့ ကန့်ကွက် ဆန္ဒပြပွဲ မျိုးစုံ ကျင်းပဖို့ စီစဉ်နေကြပါတယ်။

ခရစ်ယန် တရားဟောဆရာ Al Sharpton ဦးဆောင်တဲ့ တက်ကြွလှုပ်ရှားသူတွေက "We Shall Not Be Moved" လို့ခေါ်တဲ့ အခိုင်အမာ ရပ်တည်ကြပါစို့ - ချီတက်လမ်းလျှောက်ပွဲကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေအခါခါ ကျင်းပပြီး အမျိုးမျိုးပြောင်းလဲတာတွေ ရှိပေမယ့် အရပ်ဖက်လူထု အခွင့်အရေးတွေ၊ မဲပေးပိုင်ခွင့်တွေကို ကာကွယ်ဖို့၊ နိုင်ငံသားအားလုံး ကျန်းမာရေးစောင့်ရှောက်မှုရဖို့၊ အခွင့်ရေးတန်းတူရဖို့ ကိစ္စတွေမှာ မယိမ်းမယိုင် ရပ်တည်တောင်းဆိုဖို့ လိုနေတဲ့အကြောင်း သူကပြောကြားခဲ့တာပါ။

၁၉၅၀- ၆၀ နှစ်တွေအတွင်း လူ့အခွင့်ရေး တိုးတက်လာဖို့နဲ့ ခွဲခြားဆက်ဆံမှုချုပ်ငြိမ်းဖို့ မမောမပမ်း ရွက်ဆောင်ခဲ့သူ Dr. Martin Luther King Jr အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စုမှာ အားလပ်ရပ် ကျင်းပတဲ့ နေ့မှာ သူတို့ရဲ့ ချီတက်ဆန္ဒပြပွဲကိုပြုလုပ်မှာပါ။

စနေနေ့ ညနေပိုင်းမှာတော့ ရွေးပြောင်းအခြေချသူတွေနဲ့ လူနဲစုရပိုင်ခွင့် အရေးလုပ်ဆောင်နေတဲ့ "Here to Stay" အဖွဲ့က ဝါရှင်တန် ခရစ်ယန် ဘုရာကျောင်းမှာ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG