သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံက ကျဆုံးစစ်သည်များ ဂုဏ်ပြု


ပထမကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း သေဆုံးခဲ့တဲ့ သြစတြေးလျနဲ့ နယူးဇီလန်တပ်ဖွဲ့ဝင်တွေအတွက် အထိမ်းအမှတ်အဖြစ် Anzac Day လို့ သတ်မှတ်တဲ့ အခမ်းအနားတွေ ဧပြီလ ၂၅ ရက်နေ့၊ သြစတေးလျ၊ နယူးဇီလန်၊ အင်္ဂလန်နဲ့ တူရကီနိုင်ငံတွေမှာအပြင် ထိုင်းမြန်မာနယ်ခြား ကန်ချနာဘူရီမှာလည်း ကျင်းပပါတယ်။

ပထမကမ္ဘာစစ်အတွင်း ၁၉၁၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တူရကီတပ်တွေကို တိုက်ခိုက်ဖို့ Gallipoli ကျွန်းဆွယ်ကို တက်လာတဲ့ နှစ်နိုင်ငံ တပ်တွေ၊ ကံအကြောင်းမလှ အရေးနိမ့်ပြီး ကျဆုံးခဲ့တာကြောင့် ဒီနေ့ကို အထိမ်းအမှတ်ပြုပြီး နှစ်စဉ် Anzac Day ကို ကျင်းပတာဖြစ်ပါတယ်။

တချိန်တည်းမှာ ၁၉၄၀ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကာလ၊ ဂျပန်တွေ ကျုးကျော်ခဲ့တဲ့ စစ်အတွင်း ထိုင်းမြန်မာနယ်ခြားက ရထားလမ်းကို စစ်သုံးပန်းတွေကို သုံးပြီး ဖေါက်ခဲ့တာကြောင့် သြစတြေးလျ စစ်သုံ့ပန်း ၁၈၀၀ လောက်အပါအဝင် စစ်သုံ့ပန်းတွေ သေဆုံးခဲ့တဲ့ အောက်မေ့ဘွယ် အထိမ်းအမှတ်လည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒုတိယကမ္ဘာစစ် စစ်ပြန် စစ်မှုထမ်းဟောင်း တော်တော်များများ ဒီကနေ့ ထိုင်းနိုင်ငံ ကန်ချနဘူရီ စစ်ဗိမ္မာန်မှာ အောက်မေ့ဘွယ် အခမ်းအနား တက်ရောက်ကြပါတယ်။ စစ်အတွင်း ဂျပန်တွေဖေါက်ခဲ့တဲ့ ရထားလမ်းရဲ့ တစ်စိတ်တစ်ပိုင်း ကို ထိုင်းနိုင်ငံ ကန်ချနာဘူရီ အနောက်ပိုင်းမှာ တွေ့နိုင်ပြီး သေမင်းတမန် ရထားလမ်း လို့လည်း ခေါ်ကြပါတယ်။ စစ်အတွင်း ဂျပန်တွေ ဖေါက်ခဲ့တဲ့ ရထားလမ်းမှာ လူ ကိုးသောင်းလောက် သေဆုံးခဲ့ပြီး အဲဒီအထဲမှာ စစ်သုံ့ပန်း တသောင်းနှစ်ထောင်လောက်ပါမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG