သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအမတ်တွေ လူ့အခွင့်အရေးအတွက် လက်တွဲကြ


နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ နိုင်ငံရေးအကျဉ်းသမားအားလုံး ချွင်းချက်မရှိလွှတ်ပေးဖို့ သမ္မတ ဒူတာတေးကို ဖိလစ်ပိုင် အမျိုးသမီးအဖွဲ့တွေ က ပြင်းပြင်းထန်ထန်းတောင်းဆိုနေစဉ် (ဓါတ်ပုံ- Emmi de Jesus- ဖိလစ်ပိုင်အောက်လွှတ်တော်အမတ်)
နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ နိုင်ငံရေးအကျဉ်းသမားအားလုံး ချွင်းချက်မရှိလွှတ်ပေးဖို့ သမ္မတ ဒူတာတေးကို ဖိလစ်ပိုင် အမျိုးသမီးအဖွဲ့တွေ က ပြင်းပြင်းထန်ထန်းတောင်းဆိုနေစဉ် (ဓါတ်ပုံ- Emmi de Jesus- ဖိလစ်ပိုင်အောက်လွှတ်တော်အမတ်)

ဒေသတွင်း နေထိုင်သူတွေ အားလုံးရဲ့ လူ့အခွင့်ရေး ရပိုင်ခွင့်တွေ အကာ ကွယ်ပေးရေးအတွက် အာဆီယံ နိုင်ငံတွေက လွှတ်တော်အမတ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပြီး ညီညီညွတ်ညွတ် ရပ်တည်သွားဖို့ APHR အာဆီယံဒေ သတွင်း လူ့အခွင့်ရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့က စနေနေ့မှာ ကျရောက်တဲ့ လူ့အခွင့်ရေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

လက်ရှိမှာ ဒေသတွင်း လွှတ်တော်အမတ်တွေအဖို့ သူတို့ရဲ့ ဘက်မလိုက်ပဲ ရပ်တည် မှုအတွက် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်တာ ခံနေရတာမို့ အစိုးရတွေအနေနဲ့ အရေး ယူ ဆောင်ရွက်ပေးဖို့တောင်းဆိုလိုက်တာပါ။ ဒါ့အပြင် သူတို့ တာဝန်တွေကို အန္တရာယ်ကင်းကင်းနဲ့ ထမ်းဆောင်နိုင်အောင် လုပ်ပေးဖို့လည်း ပန်ကြား လိုက်ပါ တယ်။

ကမ္ဘောဒီးယား နိုင်ငံက အတိုက်အခံခေါင်းဆောင် Sam Rainsy ဟာ နိုင်ငံ ရပ်ခြား ကို ထွက်ပြေးနေရသလို မလေးရှားက အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim ဟာလည်း အခုထိ အကျဉ်းချတာ ခံနေရပြီး ထိုင်းနိုင်ငံမှာတော့ စစ်အာ ဏာသိမ်းပြီး ကတည်းက အရင်လွှတ်တော်အမတ်တွေအတွက် ခရီးသွားမှု ကန့်သတ်တာလို ဖိနှိပ်မှုတွေ ကြုံနေရတဲ့အပြင် ဖိလစ်ပိုင် နိုင်ငံမှာလည်း မူးယစ်ဆေး ဝါး နှိမ်နင်းမှု အတွက် ထောက်ပြတဲ့ လွှတ်တော်အမတ် တွေရဲ့ ရပိုင်ခွင့်တွေအတွက် စိုးရိမ်လာရ တာ တွေကို ဖေါ်ပြထားပါတယ်။

ဒေသတွင်းမှာ ဒီမိုကရေစီရေးနဲ့ တရားဥပဒေစိုးမိုးမှု လျော့ကျလာပြီး အခြေနေတွေ တနေ့တခြား ပိုဆိုးလာတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာ အခု လူပေါင်း ၅ ထောင်ကျော် သေဆုံးခဲ့ရပြီဖြစ်တဲ့ မူးယစ်ဆေးဝါးနှိမ် နင်းမှုဖြစ်ပေါ်နေ သ လို ဒေါ်အောင်ဆန်းစုကြည် တက်လာတဲ့ မြန်မာနိုင်ငံမှာလည်း အခုထိ လူနဲစုတွေရဲ့ ရပိုင်ခွင့် အထူးသဖြင့် ရိုဟင်ဂျာ အရေးကို ဖြေရှင်းမပေးနိုင်တာ တွေ့နေရတာမို့ အာဆီယံ လွှတ်တော်အမတ်တွေ အနေနဲ့ ဒီလို ဒေသတွင်း အရေးတွေ ကို ဖြေ ရှင်းနိုင်အောင် ဦးစားပေး လုပ်ဆောင် သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG