သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple ကုမ္ပဏီ ရောင်းအား ကျဆင်း


Apple အရောင်းပြခန်း။
Apple အရောင်းပြခန်း။

ကမ္ဘာပေါ်မှာ အကျိုးအမြတ်အများဆုံး ကုမ္ပဏီတခုဖြစ်တဲ့ Apple ကုမ္ပဏီဟာ ဒီသီတင်းပတ်တွင်း ရောင်းအား သိသိသာသာ ကျဆင်းသွားပါတယ်။ ဒါဟာ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် ရောင်းအားကျဆင်းတာဖြစ်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Apple ကုမ္ပဏီက ပြောပါတယ်။

တရုတ်စီးပွားရေးကျဆင်းမှုကြောင့် ခုလိုရောင်းအား ကျဆင်းရတာဖြစ်တယ်လို့ ကုမ္ပဏီအကြီးအကဲ Tim Cook က ပြောပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ - ရွေးချယ်စရာ smartphone ဖုန်းတွေ ပို ပိုများလာပြီး ဈေးကွက်မှာ အပြိုင်အဆိုင်ဖြစ်နေတာနဲ့ Apple အနေနဲ့ ပစ္စည်းသစ်တွေ များများမထုတ်နိုင်တာလို တခြား အကြောင်းအချက်တွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ထောက်ပြကြပါတယ်။

ဒေါ်လာ သန်းပေါင်း ၅ သိန်းကျော် ရင်းနှီးမြှုပ်နှံထားတဲ့ Apple ကုမ္ပဏီအတွက် အခုအခြေအနေက ကြီးမားတဲ့ ဆုံးရှုံးမှုတခု မဟုတ်ပေမဲ့လည်း အကျိုးအမြတ်တွေ နည်းသွားတဲ့အပေါ်မှာ ကုမ္ပဏီတွင်းရင်းနှီးမြှုပ်နှံထားကြသူတွေကတော့ စိုးရိမ်နေကြတာပါ။

ကမ္ဘာတဝှမ်း smartphone သုံးတဲ့သူ သန်းပေါင်း ၂ ထောင်ကျော် ရှိပြီး ဒီအထဲက ငါး ယောက်မှာ တယောက်ဟာ Apple ကုမ္ပဏီထုတ် iPhone တွေကို သုံးကြတဲ့သူတွေပါ။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီသက်တမ်း ၄၀ ပြည့်သွားတဲ့ Apple ကုမ္ပဏီရဲ့ အဓိက အောင်မြင်မှုလည်း ဖြစ်ခဲ့တာပါ။ ဒါပေမဲ့လည်း အခုချိန်မှာတော့ အရင်က နောက်ဆုံးထွက် iPhone သစ်တွေကို လူတွေ အကြီးအကျယ် တန်းစီ စောင့်ဝယ်ကြခဲ့ကြတဲ့ iPhone ရဲ့ အရောင်းရဆုံး နေ့ရက်ချိန်တွေ ကုန်ဆုံးလာပုံ ရပါတယ်။

ဒီသီတင်းပတ်တွင်းမှာပဲ Apple ကုမ္ပဏီက သူ့ရဲ့ ရောင်းအားဟာ ၁၃ နှစ်နီးပါး ကာလတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားတာလို့ ထုတ်ဖော် ပြောဆိုလိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG