သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအစိုးရကိုလက်နက် ထောက်ပံ့ရေး နိုင်ငံတကာဆွေးနွေး


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ (လယ်)၊ အီတလီ နိုင်ငံခြားရေး ဝန်ကြီး (ဝဲ)၊နှင့် ကုလသမဂ္ဂ လစ်ဗျားနိုင်ငံဆိုင်ရာ သံအမတ် တို့ကို မေလ ၁၆ရက်နေ့က သြစကြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ပြုလုပ်သော လစ်ဗျားနိုင်ငံဆိုင်ရာ ညီလာခံတွင် တွေ့ရစဉ်။ ဓါတ်ပုံ- (Leonhard Foeger/Pool Photo via AP)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ (လယ်)၊ အီတလီ နိုင်ငံခြားရေး ဝန်ကြီး (ဝဲ)၊နှင့် ကုလသမဂ္ဂ လစ်ဗျားနိုင်ငံဆိုင်ရာ သံအမတ် တို့ကို မေလ ၁၆ရက်နေ့က သြစကြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ပြုလုပ်သော လစ်ဗျားနိုင်ငံဆိုင်ရာ ညီလာခံတွင် တွေ့ရစဉ်။ ဓါတ်ပုံ- (Leonhard Foeger/Pool Photo via AP)

လစ်ဗျားနိုင်ငံအတွင်း ဥပဒေစိုးမိုးမှုမဲ့နေတဲ့ ဒေသတွေမှာ ခြေကုတ်ယူလာနေတဲ့ IS နဲ့ တခြား စစ်သွေးကြွအဖွဲ့တွေကို နှိမ်နှင်းနိုင်ရေးအတွက် နိုင်ငံတကာ အသိအမှတ်ပြု လစ်ဗျား အစိုးရအဖွဲ့ကို လက်နက်ထောက်ပံ့ပေးဖို့ အဆင်သင့် ရှိနေပြီ ဖြစ်တဲ့ အကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ တခြား အင်အားကြီး နိုင်ငံတွေ က ပြောဆိုပါတယ်။

လစ်ဗျားနိုင်ငံမှာ စတင်ဖွဲ့စည်းစဖြစ်တဲ့ မခိုင်မာသေးတဲ့ အစိုးရအဖွဲ့ကို အင်အား ကောင်းလာအောင် ပံံ့ပိုးရေး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry နဲ့ နိုင်ငံပေါင်း ၂၀ ကျော်က ထိတ်တန်းအရာရှိတွေ သြစတီးယားနိုင်ငံ Vienna မြို့ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေး ရည်ရွယ်ချက်က နိုင်ငံတကာ အသိအမှတ်ပြု လစ်ဗျား အစိုးရအဖွဲ့ကို IS အစွန်းရောက်အဖွဲ့တွေကို ခြေမှုန်းရေးမှာ ပိုပြီးအင်အားကောင်းအောင် ကူညီပေး ဖို့နဲ့ နိုင်ငံအရှေ့ဘက်ခြမ်းက ပြိုင်ဖက်အုပ်စု တစုက သူတို့သာ တရားဝင် အစိုးရ ဖြစ်တယ်ဆိုပြီး ပြောဆိုနေမှုတွေ အဆုံးသတ်သွားရေး ရည်ရွယ်ပါတယ်။

အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က IS အစွန်းရောက်အဖွဲ့နဲ့ တခြား အကြမ်းဖက်အဖွဲ့တွေကို တိုက်ခိုက်ဖို့ ကုလသမဂ္ဂရဲ့ လက်နက်ရောင်းချမှှု ပိတ်ပင်ထားတာကနေ ချွင်းချက်အနေနဲ့ လက်နက်နဲ့ ကျည် ဝယ်ခွင့်ရရေး ကြိုးစာေးနတဲ့ လစ်ဗျားရဲ့ သမ္မတ ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေ နဲ့ ထောက်ခံ သွားမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

အမျိုးသား သဘောတူညီချက်ဆိုင်ရာ လစ်ဗျား အစိုးအရအဖွဲ့ဟာ စစ်သွေးကြွေတွေနဲ့ တခြားအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ တရားဝင် အစိုးရ အဖွဲ့ဖြစ်ပြီး သူ့ကိုသူ ကာကွယ်ပိုင်ခွင့်ရှိသင့်တယ်လို့လည်း ဝန်ကြီး Kerry က ပြောဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းက လူသားချင်းစာနာမှု အကူအညီတွေနဲ့ တခြား အကူအညီတွေပေးဖို့ ကတိကဝတ်တွေ ပေးနေပေမယ့် လစ်ဗျားကို တပ်ဖွဲ့တွေ စေလွှတ်ရေး ကိစ္စကိုတော့ ဘယ်နိုင်ငံကမှ ပြောဆိုခြင်း မရှိဘူးလို့လည်း ဝန်ကြီး Kerry က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

XS
SM
MD
LG