သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင်


၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မလေးရှားဝန်ကြီးချုပ် Najib Razak အဖွင့် အမှာစကား ပြောကြားစဉ်
၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မလေးရှားဝန်ကြီးချုပ် Najib Razak အဖွင့် အမှာစကား ပြောကြားစဉ်

မလေးရှားနိုင်ငံ Kuala Lumpur မြို့တော် မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီး စည်းဝေးပွဲ မှာ လက်ရှိ အာဆီယံ ဥက္ကဋ္ဌက မြန်မာနိုင်ငံ မှာ ရွေးကောက် ပွဲတွေ အောင်အောင် မြင်မြင် ကျင်းပ နိုင်ခဲ့တဲ့အပေါ် အာဆီယံ အဖွဲ့က ချီးကျူးခဲ့ ပါတယ်။ မြန်မာနိုင်ငံသာမက ဒေသတခုလုံး တည်ငြိမ်ရေးနဲ့ တိုးတက်ရေး အတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်မှုတွေ ကို မလေးရှားက ဆက်လက် အားပေး သွားမှာ ဖြစ်တယ် လို့ မလေးရှားဝန်ကြီးချုပ် Najib Razak က ထိပ်သီး စည်းဝေးပွဲဖွင့်ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သမ္မတ ဦးသိန်းစိန်တို့ ခဏတာ တွေ့ဆုံ ခဲ့ကြတာမှာတော့ အောင်မြင်စွာ ကျင်းပနိုင် ခဲ့တဲ့ မြန်မာ့ ရွေးကောက်ပွဲ အခြေအနေ၊ ရွေးကောက်ပွဲ ရလဒ်နဲ့ ထွက်ပေါ် လာမယ့် အစိုးရသစ် တရပ်ကို တည်ငြိမ်အေးချမ်းစွာ အာဏာ လွှဲပြောင်းရေး တို့ကို ဆွေးနွေးခဲ့ကြသလို မြန်မာ့ ဖွံ့ဖြိုးရေး အတွက် ဂျပန်တို့ဘက်က ဆက်ပြီး ပူးပေါင်း ကူညီဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ တရားဝင် ဖေစ့့်ဘွတ် စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

ဒီကနေ့ကျင်းပတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲ အတွင်း ဒေသတွင်း လူကုန်ကူးမှု ပပျောက်ရေး ဆိုင်ရာ သဘောတူညီမှုကို အာဆီယံခေါင်းဆောင်တွေ ကြားမှာ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်၊ လူမှောင်ခို ကူးခံနေရမှု၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ လူကုန်ကူး ခံနေရာမှုကို တားဆီး တိုက်ဖျက်ရေး အတွက် ဒေသတွင်း ပြည့်စုံတဲ့ဆောင်ရွက်မှု အရေးပေါ် လိုအပ်နေတဲ့အတွက် ခုလို သဘောတူ ခဲ့ကြတာလို့ အာဆီယံအဖွဲ့က ဖော်ပြပြောဆို ခဲ့ပါတယ်။

အခုနှစ်ထဲမှာ မြန်မာနဲ့ Bangladesh နိုင်ငံတွေက တရားမဝင် နိုင်ငံကူးဖို့ ကြိုးစားကြ သူတွေကို ထိုင်း လူကုန်ကူးသူတွေက ပင်လယ်ထဲမှာ စွန့်ပစ် ခဲ့တဲ့ ပြဿနာကြီးနဲ့ ကြုံတွေ့ ခဲ့ရပြီးနောက်မှာ ခုလို လူကုန်ကူးမှု တိုက်ဖျက်ရေး သဘောတူ စာချုပ်ကို လက်မှတ် ထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆီယံ စီးပွားရေး အသိုက် အဝန်းကြီး ဖော်ဆောင်နိုင်ရေး ကိစ္စ အဓိက ဦးတည်တဲ့ ၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး စည်းဝေးပွဲကို တင်းကြပ်တဲ့ လုံခြုံရေးတွေ ကြားမှာ ကျင်းပနေ တာဖြစ်ပါတယ်။

XS
SM
MD
LG