သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပေါ်မှာ အာရှသူဌေးတွေ အချမ်းသာဆုံး


တရုတ်နိုင်ငံက Rolls-Royce ပြပွဲ။
တရုတ်နိုင်ငံက Rolls-Royce ပြပွဲ။

အာရှတိုက်မှာရှိတဲ့ သန်းကြွယ်သူဌေးတွေဟာ မြောက်အမေရိကားတိုက်နဲ့ ဥရောပအပါအဝင် ကျန်ကမ္ဘာ့နိုင်ငံက သန်းကြွယ်သူဌေးတွေထက် ပိုပြီး ချမ်းသာကြွယ်ဝကြတယ်လို့ ကပ်ချ်မီနီ စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီရဲ့ အစီရင်ခံစာတခုက ဖော်ပြလိုက်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း အာရှသန်းကြွယ်သူဌေးတို့ရဲ့ ပိုင်ဆိုင်မှုဟာ သန်းပေါင်း ၁၇.၄ သန်း ရှိခဲ့ပြီး၊ ၂၀၀၆ ခုနှစ်ကထက် ၂ ဆ တိုးလာတယ်လို့ ဆိုပါတယ်။ မြောက် အမေရိက သန်းကြွယ်သူဌေးတွေကတော့ - သန်းပေါင်း ၁၁ သန်းကနေ သန်းပေါင်း ၁၆ သန်းခွဲအထိသာ တိုးတက်ခဲ့တယ်လု့ိ ဆိုပါတယ်။ ဒါ့အပြင် အာရှတိုက်ရဲ့ သန်းကြွယ်သူဌေးအရေအတွက်ဟာ တနှစ်အတွင်း ၉.၄ ရာခိုင်နှုန်း တိုးပွားလာပြီး အများစုဟာ ဂျပန်နဲ့ တရုတ်နိုင်ငံတို့က ဖြစ်ကြပါတယ်။

ဒီအာရှသူဌေးများရဲ့ ချမ်းသာကြွယ်ဝမှုကလည်း ၂၀၁၅ ခုနှစ်အတွင်း ၁၀ ရာခိုင်နှုန်း နီးပါးတိုးလာပြီး၊ အမေရိကန်နဲ့ ကနေဒါ သူဌေးတွေကတော့ ၂ ရာခိုင်နှုန်း ကျော်ကျော်ပဲ တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ အာရှသန်းကြွယ် သူဌေးတို့ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ ဘဏ္ဍာရေးဝန်ဆောင်မှု၊ နည်းပညာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တို့ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG