သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုရဲ့ စင်္ကာပူမိန့်ခွန်းအပေါ် အမြင်တချို့


ဒေါ်အောင်ဆန်းစုကြည်က စကာၤပူရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံ (MOFA)
ဒေါ်အောင်ဆန်းစုကြည်က စကာၤပူရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံ (MOFA)

မြန်မာအစိုးရ ခေါင်းဆောင်တဦးအနေနဲ့ ပထမဆုံးအကြိမ် စင်္ကာပူနိုင်ငံကို သွားခဲ့တဲ့ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ရလဒ်ကောင်းတွေ ထွက်လာအောင် ဒေါ်အောင်ဆန်း စုကြည်ဘက်က ဆောင်ရွက်နိုင်ခဲ့တယ်လို့ သုံးသပ်မှုတွေရှိနေချိန်မှာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေ နဲ့ပတ်သက်လို့ သူရဲ့ ပြောဆိုချက်တွေ အပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

နိုဝင်ဘာလ (၃၀)ရက်နေ့ကနေ ဒီဇင်ဘာလ (၂)ရက်နေ့ထိ သုံး ရက်ကြာ ရောက် ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ မြန် မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်ပြောပြမှာပါ။

မနေ့ ကြာသာပတေးနေ့က စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံပွဲ အတွင်း ဒေါ်အောင်ဆန်း စုကြည်က သူရဲ့ NLD အစိုးရ သက်တမ်း (၉)လအ တွင်း နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေး အတွက် ကြိုးစားခဲ့တဲ့ အတိုင်းအ တာပေါ် မှာ ကျေနပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားတာပါ။ ဒါနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု ညှိုနှိုင်းရေးမှူး ဒေါက်တာနိုင်အောင်က အခုလို သုံးသပ်ပါတယ်။

“ ကျနော်က အပြင်ကရောက်နေလို့ မသိဘူးပဲ ထားပါတော့နော် ။ ဆိုတော့ ပြောချင်တာကတော့ ကျနော်လည်း သတင်းတွေအမြဲတမ်း ဖတ်နေတယ်။ ဒါပေမယ့် ကျနော့်အမြင်ကတော့ NLD ပါတီက ရွေးကောက်ပွဲနိုင်တယ်။ အာဏာ လွှဲပြောင်းယူနိုင်တယ်၊ နောက် ပင်လုံညီလာခံ လုပ်နိုင်တယ် ဆိုတာက လွဲပြီးတော့ ကျန်တဲ့ထူးခြားတဲ့ စွမ်းဆောင်မှုမျိုး သေသေချာချာ တွေ့ရတယ်လို့တော့ ကျနော်မထင်ဘူး။ နောက်တခုက တိုင်းပြည်ကထုတ်တဲ့ ပို့ကုန်နဲ့ အရည်အသွေးတွေ၊ အထူးသဖြင့် စိုက်ပျိုးရေး အရည်အသွေးတွေကို မြင့်တင်မယ့် ဟာတွေလုပ်ပေးစေချင်တယ်။ လယ်သမားတွေကို စက်ပစ္စည်းကရိယာတွေ မျိုးစပါးတွေ အစရှိသဖြင့်ပေါ့နော်။ ပြောမယ်ဆိုရင်တော့ အများကြီးပေါ့နော်။ အဲလို တိတိကျကျကြီး ကျနော်တို့ မျက်စိထဲမှာ မြင်နေရတာမျိုးမဟုတ်ပဲနဲ့ ငြီးတွားသံတွေပဲ ကြားနေရတယ်ဆိုတော့ အဲဒါကလည်း အားရတယ်ဆိုတာက ဘာကို အားရ တယ်ဆိုတာကို သေသေချာချာလေး ထုတ်ပြောပြနိုင် ရင်တော့ ကောင်း တာပေါ့ လို့ ကျနော်ထင်ပါတယ်။”

မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးပိုင်းမှာ အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တော့ ဒီနေ့ မြန်မာနိုင်ငံမှာ ဘာဖြစ် နေတယ် ဆိုတာကို သူအသိဆုံး ပုဂ္ဂိုလ်လို့ ကျနော်ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ သူပြောတဲ့အချက်တွေဟာ ခိုင်မာမှုနဲ့ လေးနက်မှုရှိတယ်လို့ ပြောရမှာပါ။ အဲဒီတော့ ထောက်ပြနိုင်တဲ့အချက် ၂ ချက်ပေါ့။ သူလုပ်သွားတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုပေါ့။ ငြိမ်းချမ်းရေးမှာ တိုက် ပွဲတွေဖြစ်နေ တယ် ဖြစ်နေ တယ်ဆိုတာလည်းမှန်တယ်။ စီးပွားရေးကလည်း ချွတ်ခြုံကျဆဲ ဆိုတာလည်း မှန်တယ်။ သို့သော် ဒီဟာတွေက ဖြစ်လာတာ ကျနော်တို့ မြန်မာနိုင်ငံ မှာ နှစ်ပေါင်းမြောက်များစွာ ကြာခဲ့ပြီ ၂ ခုလုံးပေါ့နော်။ ကြာခဲ့ပြီးသားဖြစ်ပါတယ်။ အဲဒီအပေါ်မှာ အသိဆုံးပုဂ္ဂိုလ် ကနေပြီးတော့ အတိုင်းအတာ တခုအထိ ကျေနပ် မှုရှိအောင်တိုးတက်တယ် ဆိုရင်တော့ ကျေျနာ့်အနေနဲ့ဆိုရင်တော့ လက်မခံနိုင်စရာ အကြောင်း မရှိဘူး။

မေး။ ။ ဟုတ်ကဲ့ လက်ရှိ ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကိုကြည့်ရင် ဒီမြန်မာတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာဖြစ်နေတဲ့ ပဋိပက္ခဟာ ပြေလည်ဖို့ အခက်အခဲတွေရှိနေတယ်ပေါ့နော်။ အဲလိုဖြစ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောသလို တိုင်းရင်းသားတွေ အားလုံးကိုပါဝင်တဲ့ ၂၁ ပင်လုံညီလာခံ ကြီးဟာ တကယ်ပဲ အောင်မြင်အောင် လုပ်နိုင်ပါ့မလားရှင့်။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီတပ်မတော်ခေါင်းဆောင်တွေနဲ့ အနီးကပ်လက်တွဲပြီးလုပ်နေတော့ သူ့မှာ တစုံတရာ တပ်မတော်အပေါ်မှာ ပေါ့နော် သူဖြစ်စေချင်တာကို ဖျောင်းဖျကောင်း ဖျောင်းဖျနိုင်မယ်။ ကျနော်တို့ အများပြည်သူမသိတဲ့ အချက်အလက်တွေည်း ရှိကောင်းရှိနိုင်တယ် လို့ ကျနော်မြင်ပါတယ်။ တချိန်ထဲမှာ ပိုပြီးတော့ ဖြစ်လာတဲ့တိုက်ပွဲတွေပေါ့နော် တိုင်းရင်းသားဘက်က စတယ်ဆိုတဲ့ သတင်းတချို့ကလည်း ရှိတော့ ဒီဟာကတော့ သိပ်မကောင်းဘူး။ သို့သော် ဒီအတွက်လည်း ၂၁ ရာစုပင်လုံ မှာ နိုင်ငံရေးနည်း နဲ့ ဖြေရှင်းဖို့ တပ်မတော်ရော၊ တိုင်းရင်းသားတွေရော၊ ဒီလက်ရှိအစိုးရရော ပေါ့နော် ဒါကြောင့် ဒီလမ်းကြောင်းကိုပဲ ကျနော်တို့ ဆက်သွားတာ မှန်ကန်တယ်လို့ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဒါကို ထောက်ပြတယ်လို့ မြင်ပါတယ်ခင်ဗျ။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စင်္ကာပူခရီးစဉ်အတွင်း စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံချိန် ပြောကြားခဲ့တဲ့ မိန်ခွန်းထဲ နောင် နှစ်ပေါင်းနှစ်ဆယ် ကြာရင် မြန် မာနိုင်ငံက စင်္ကာပူ ကို ကျော်တက်သွား လိမ့်မယ်ဆို တဲ့ ဒေါ်အောင် ဆန်းစုကြည် ရဲ့ ပြောဆိုချက်အပေါ်မှာ သုံးသပ်မှုတွေ အမျိုးမျိုးရှိခဲ့ပါတယ်။

အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်နေတဲ့ မြန်မာနိုင်ငံကို ဖွံဖြိုးတိုးတက်ဖို့ဆိုရင် မျိုးဆက် (၂)ဆက်လောက်ကြာမှာဖြစ်တဲ့အတွက် အနှစ် (၂၀)အတွင်း ကမ္ဘာ့အ တိုးတက် ဆုံးနိုင်ငံစာရင်းဝင် စင်္ကာပူကို ကျော်တက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး လို့ ဒေါက် တာနိုင်အောင်က သုံးသပ်ပါတယ်။

"ကျနော်တို့ မျက်စိရှေ့မှာတင် မြင်ခဲ့ရတာက ဥပမာ ထိုင်းနိုင်ငံမှာတော့ ကျနော်တို့ တောခိုတုန်း ရောက်တုန်းကဆိုရင် ကျနော်တို့အရွယ် မျိုးဆက်တွေပေါ့။ အခုဆိုရင် သူတို့သားသမီး မျိုးဆက်တွေ အရွယ် ရောက်နေကြပြီ။ အဲတော့ အနည်းဆုံးပြောရမယ်ဆိုရင် အရင်တုန်းက မျိုးဆက်တွေက သူတို့ နိုင်ငံခြားမှာ သွားပြီး ကျောင်းတက်ကြတယ်။ ပညာသင်တယ်။ ပြန်လာတယ်။ ကိုယ့်တိုင်းပြည်ထဲ မှာ အဲဒီလို နိုင်ငံခြား ကျောင်းသွားမတက်နိုင်တဲ့သူတွေ အဆင့်ဆင့်ပညာ သင်ပေးလို့ရအောင် အနစ်နာခံတယ်။ အစရှိသဖြင့်ပေါ့လေ။ အဲဒီလို မျိုးစုံအောင် လုပ်ခဲ့ကြတာတောင် ထိုင်းနိုင်ငံတို့၊ တရုတ်နိုင်ငံတို့ဟာ ကျနော်တို့ မျက်စိရှေ့မှာပဲ အမြင်ပဲပေါ့။ ပြောချင်တာကတော့ မျိုးဆက် (၂)ဆက်လောက် အလုပ်လုပ်ရတယ်။ ပညာရေးကိုပြုပြင်တယ်ဆိုတဲ့ အချိန်ရောက်မှပဲ အခုရှိနေတဲ့ သူငယ်တန်းက ကလေးတွေကို စလုပ်မယ် ဆိုရင် နောက်ထပ် (၁၆)နှစ် အနှစ် (၂၀)လောက်ကြာအုံးမယ်။ ဆိုတော့ပြု ပြင်ပြောင်းလဲရမယ့် ကိစ္စရပ်တွေက အများကြီးရှိတဲ့အခါကြတော့ ယေဘုယျပြောလို့တော့ မလွယ်ဘူးပေါ့။"

ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့

“ဟုတ်ကဲ့ ကျနော်လည်း အဲဒီသတင်း ကို သေချာကြည့် လိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ပြောတာက ဒီလိုဗျ။ လျှမ်း လျှမ်းတောက် အောင်မြင်တဲ့ နိုင်ငံဖြစ်မယ်။ စင်္ကာပူကိုတောင် ကျော်သွားနိုင်တယ် ဆိုတဲ့ရှေ့မှာဘာပါသလဲဆိုတော့ စည်းစည်းလုံးလုံးလုပ်နိုင်ကြရင်၊ နေနိုင်ကြရင် ဆိုတဲ့ အချက်ပါတယ်ခင်ဗျ ။ အဲဒီတော့ ကျနော်တို့က စောစောကဆွေးနွေးသလို ငြိမ်းချမ်းရေးကိစ္စတွေ မပြေငြိမ်းရင် ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေး ကလည်း ဖြစ်သင့်သလောက်ဖြစ်လာမှာမဟုတ်ဘူး။ စင်္ကာပူကိုလည်း အိမ်မက် မက်နိုင်မှာမဟုတ်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူခရီးစဉ်ကြောင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် အပြင် အခွန်နှစ်ထပ် ကောက်ခံတာကို ရှောင်ရှားရေး သဘောတူ ညီချက် အသစ် ပြန်လက်မှတ်ရေး ထိုးနိုင်တော့မှာ ဖြစ်တယ် လို့ နိုဝင်ဘာလ (၃၀)ရက်နေ့ က ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ဆုံအပြီး စင်္ကာပူဝန်ကြီးချုပ် လီရှန် လွန်း က ကြေညာခဲ့ ပါတယ်။ ဒါ့အပြင် ဒေါ်အောင် ဆန်းစုကြည် စင်္ကာပူနိုင်ငံ ကို ရောက်ရှိတဲ့ နိုဝင်ဘာလ (၃၀)ရက်နေ့မှာပဲ နှစ်နိုင်ငံ ဗီဇာမလိုဘဲ အပြန်အလှန် သွားလာလည်ပတ်ခွင့် စတင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG