သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကုလမှာ နှစ်နိုင်ငံဆွေးနွေးမှုတွေပြုလုပ်


ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Lars Løkke Rasmussenနှင့် မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Lars Løkke Rasmussenနှင့် မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကိုတက်ဖို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂဌာနချုပ်မှာ မက္ကဆီကိုသမ္မတ Enrique Peña Nieto ၊ ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Lars Løkke Rasmussen ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ညွှန်ကြားရေးမှူးချုပ် Irina Bokova တို့နဲ့ စက်တင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့ မနက်ပိုင်းက သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံ သမ္မတ H.E. Mr.Enrique Peña Nieto နှင့်တွေ့ဆုံစဉ်
မက္ကဆီကိုနိုင်ငံ သမ္မတ H.E. Mr.Enrique Peña Nieto နှင့်တွေ့ဆုံစဉ်

တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ သတင်း ထုတ်ပြန်ခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့က ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ကျင်းပတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေအရေး နိုင်ငံတကာခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တက်ရောက် အမှာစကား ပြောကြားဖို့ ရှိပေမယ့်လည်း မပြောဖြစ်သေးပါဘူး။

UNESCO၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ms.Irina Bokova နှင့် တွေ့ဆုံစဉ်
UNESCO၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ms.Irina Bokova နှင့် တွေ့ဆုံစဉ်

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာ့ ခေါင်းဆောင်တွေကို တည်ခင်း ဧည့်ခံတဲ့ နေ့လည်စာစားပွဲကို တက်ရောက်မှာ ဖြစ်ပြီး ညနေပိုင်းမှာတော့ အမေရိကန်သမ္မတ Barack Obama က ကမ္ဘာ့ခေါင်းဆောင်တွေကို တည်ခင်း ဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် H.E. Ms. Sheikh Hasina နှင့်တွေ့ဆုံစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် H.E. Ms. Sheikh Hasina နှင့်တွေ့ဆုံစဉ်

စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းမှာတော့ နယူးယောက်မြို့မှာရှိတဲ့ Asia Society Policy Institute မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ အနာဂတ်အကြောင်း မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။

ဗြိတိန်နိုင်ငံကတဆင့် အမေရိကန်နိုင်ငံကို စက်တင်ဘာလ ၁၃ ရက်နေ့ နှောင်းပိုင်းမှာ ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါရှင်တန် ဒီစီမြို့တော်မှာ သမ္မတ Barack Obama ၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နယူးယောက်မြို့ကို ခရီးဆက်သွားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့၊ စနေနေ့ကတော့ နယူးယောက်မြို့မှာရှိတဲ့ မြန်မာအသိုင်းဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG