သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အင်ဒိုနီးရှားခရီးစဉ် မသွားဖြစ်


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကာၤပူနိုင်ငံ ခရီးစဉ်နဲ့ တဆက်တည်းမှာဘဲ အင်ဒိုနီးရှား နိုင်ငံကိုပါ သွားဖို့ စီစဉ်ပေမယ့် အခု အဲဒီ ခရီစဉ် မဖြစ်တော့ဘူးလို့ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“နဂိုညှိနှိုင်းတုန်းကတော့ ပါတယ်၊ သို့သော် အင်ဒိုနီးရှားကတော့ မသွားတော့ပါဘူး၊ သွားလည်း မသွားပါဘူး။ ခရီးစဉ်တခု ညှိနှိုင်းတယ်ဆိုတာ ဟိုဘက်အချိန်ဇယား၊ ဒီဘက် အချိန်ဇယားပေါ့နော် နောက်ဝန်ကြီး ၂ ဘက် ခရီးစဉ်အတွင်းမှာ ဘာရလဒ်တွေ လုပ်မလဲဆိုတဲ့ ညှိနှိုင်းချက်တွေနဲ့ သွားတာပေါ့နော်။ အခုမသွားဖြစ်တော့ ကျနော်တို့က စင်္ကာပူ ၁ ခုတည်းပဲ သွားဖြစ်မယ်၊ နောက် အင်ဒိုနီးရှားခရီးစဉ်ကတော့ ညှိပြီးတော့ ၂ ဦး ၂ ဘက် အဆင်ပြေတဲ့အချိန်သွားဖို့ အဲဒီလို ညှိထားပါတယ်။”

အခုလို အင်ဒိုနီးရှား ခရီးစဉ် မဖြစ်တာဟာ အဲဒီမှာ လက်ရှိ မြန်မာ သံရုံးရှေ့ ဆန္ဒပြတာတွေ၊ သံရုံးကို တိုက်ခိုက်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာကြောင့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးနေရတဲ့ အခြေအနေတွေနဲ့ မဆိုင်ဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG