သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် မြန်မာ ၂ နိုင်ငံလက်တွဲ ဆောင်ရွက်ရေး ဆွေးနွေး


ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် M Sha Hi Dul Haque နဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ။ Photo Credit to Ministry of Foreign Affairs Myanmar
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် M Sha Hi Dul Haque နဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ။ Photo Credit to Ministry of Foreign Affairs Myanmar

မြန်မာနိုင်ငံကို ၅ ရက်ကြာခရီး ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် M Sha Hi Dul Haque နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ကြာသပတေးနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်း ကောင်း ပီသမှုအပေါ် အခြေခံတဲ့ ဆက်ဆံရေးမျိုးနဲ့ အပြန်အလှန် နားလည်မှု၊ ရေရှည် အကျိုးဖြစ်ထွန်းမှုတို့အတွက် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်သွားကြဖို့တွေကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် Sha Hi Dul Haque ဟာ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ အထူးကိုယ်စားလှယ်တော် အဖြစ် ဗုဒ္ဓဟူးနေ့ ကပဲ မြန်မာနိုင်ငံ ကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ တောင့်တင်း ခိုင်မာစေရေးနဲ့ အားလုံးပါဝင်တဲ့ လူအသိုင်းအဝိုင်းတခု တည်ဆောက်ရေး ကြိုးပမ်းမှုတွေအပေါ် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရသစ်ကို လေးစားဂုဏ်ပြုထားတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာရဲ့ စာကိုလည်း နိုင်ငံခြားရေး အတွင်းဝန်က ဒေါ်အောင်ဆန်း စုကြည်ကို ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာတွေအားလုံးကို ရိုးသားပွင့်လင်းစွာ နှစ်နိုင်ငံ ပူးပေါင်း ဖြေရှင်းကြဖို့ အတွက် လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အဆင်သင့်ရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ မှာကြားချက်တွေ ကို နွေးထွေးစွာ တုံ့ပြန်ခဲ့ပြီး၊ တိုင်းရင်းသားပဋိပက္ခနဲ့ ပတ်သက်လို့လည်း - ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စိန်ခေါ်ချက်တွေကို အဖြေရှာနိုင်ဖို့ မြန်မာအစိုးရရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အစိုးရသစ်က လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့တယ်လို့ Dhaka Tribune သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူမှုအသိုင်းအဝိုင်းတွေအကြား ပြန်လည်သင့်မြတ်ရေး ရရှိဖို့ကို အစိုးရသစ်အနေနဲ့ အာရုံစိုက် လုပ်ဆောင်နေတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် Sha Hi Dul Haque ဟာ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ တပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်နိုင်မယ့် နည်းလမ်းတွေ ဆွေးနွေး ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG