သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်မစ်ခေါင်းဆောင် သေဒဏ် ဘင်္ဂလားဒေ့ရှ်အတည်ပြု


ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ၂၀၀၄ ခုနှစ်တုန်းက ဗြိတိသျှ သံတမန်ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ပါဝင်ခဲ့မှုနဲ့ တရားမဝင် အစ္စလာမ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူနဲ့ အပေါင်းအပါ ၂ ဦး တို့ကို သေဒဏ်ချမှတ်ထားတာအတွက် အထက်တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ဆက်လက် အတည်ပြု ပေးလိုက်ပါတယ်။

တရားမဝင်ကြေညာထားတဲ့ Harkatul Jihad အဖွဲ့ခေါင်းဆောင်ဖြစ်သူ တရားခံ Mufti Abdul Hannan ရဲ့ ရှေ့နေတွေကတော့ အထက်တရားရုံးရဲ့ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်ချက်အတွက် ပြန်လည် သုံးသပ်ပေးဖို့ သူတို့ ထပ်ပြီး အယူခံဝင်သွားမယ်လို့ ပြောပါတယ်။

Hannan နဲ့ အပေါင်းပါ ၂ ဦးတို့ဟာ ၂၀၀၄ ခုနှစ်တုန်းက မြောက်ပိုင်း Sylhet မြို့က နာမည်ကြီး အစ္စလာမ်ဘုရားကျောင်းကို လာရောက် လည်ပတ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ဖွား ဗြိတိသျှ ကော်မရှင်နာမင်းကြီး Anwar Choudhury ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့မှုအတွက် ၂၀၀၈ ခုနှစ်ထဲမှာ အပြစ်ရှိကြောင်း တွေ့ရှိထားတာ ဖြစ်ပါတယ်။ Choudhry ကတော့ ထိခိုက်မှု မရှိခဲ့ပေမဲ့ ရဲအရာရှိ ၃ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၇၀ ဒဏ်ရာတွေ ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက တရားရုံးက Hannan ရဲ့ အပေါင်းပါ ၂ ဦးကို တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

Hannan ကတော့ ၂၀၀၁ ခုနှစ်တုန်းက နှစ်သစ်ကူး ပွဲတော်အတွင်း တိုက်ခိုက်မှုလုပ်ခဲ့တဲ့အတွက် လူ ၁၀ ဦး သေဆုံးခဲ့ရမှုနဲ့ သေဒဏ် အချမှတ်ခံထားရတာဖြစ်ပြီး၊ ၂၀၀၄ ခုနှစ်မှာပဲ ဝန်ကြီးချုပ် Sheil Hasina ကို ပစ်မှတ်ထားတဲ့ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၄ ဦး သေဆုံးခဲ့ရတဲ့ အမှုအတွက်လည်း တရားရင်ဆိုင်ရဖို့ ရှိပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ဝန်ကြီးချုပ် Hasina ကတော့ ဒဏ်ရာ တစုံတရာ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG