သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ်တိုက်တွေ ဆိုင်ဘာဖောက်ထွင်းမှု မြောက်ကိုရီးယားပတ်သက်


အာရှဒေသတွင်း ဘဏ်တွေမှာ မကြာသေးခင်ကပဲ ဆက်တိုက်ဆိုသလို ဆိုင်ဘာဖောက်ထွင်း တိုက်ခိုက်မှုတွေ ဖြစ်စေတာဟာ မြောက်ကိုရီးယားက နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ တွေ့ခဲ့တယ်လို့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ Symantec ကုမ္ပဏီက ပြောပါတယ်။

ကွန်ပြူတာ အင်တာနက်စနစ်ကို ပျက်စီးစေတဲ့ software ကိုသုံးပြီး Bangladesh ဗဟိုဘဏ်က ဒေါ်လာ ၈၁ သန်းကို ခိုးယူခဲ့မှုနဲ့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေက ဘဏ်ကို တိုက်ခိုက်မှုတွေဟာ ဆက်နွယ်မှုရှိကြောင်း တွေ့ရတယ်လို့လည်း Symantec က ပြောပါတယ်။

ဒါ့အပြင် ဒါဟာ နိုင်ငံတနိုင်ငံက နောက်တနိုင်ငံဆီက ငွေတွေခိုးယူဖို့ ပထမဆုံး (ကွန်ပြူတာ အင်တာနက်စနစ်မှာ ဆိုးရွားတဲ့ စနစ်သွင်းပြီး) လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒီ software ဟာ အရင်တုန်းက "Lazarus'' လို့ လူသိများတဲ့ အဖွဲ့တဖွဲ့က သုံးခဲ့တာမျိုးနဲ့ ဆင်ဆင်တူတယ်လို့ ဆိုင်ဘာလုံခြုံရေး သုတေသီတွေက ပြောပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက အမေရိကန်နဲ့ တောင်ကိုရီးယားကို အတော်များများ ပစ်မှတ်ထားပြီး hack လုပ်တဲ့ ဆိုင်ဘာ တိုက်ခိုက်မှုတွေ ဆက်တိုက် အလုပ်ခံခဲ့ရတာနဲ့ ဒီအဖွဲ့ ဆက်စပ်မှုရှိခဲ့တာပါ။

ဒီအထဲမှာ ၂၀၁၄ ခုနှစ်တုန်းက ဆိုနီရုပ်ရှင်လုပ်ငန်းရဲ့ ကွန်ပြူတာတွေကို hack လုပ်ခဲ့တာပါ ပါဝင်ပြီး အဲဒီတုန်းက ဒါဟာ မြောက်ကိုရီးယားအစိုးရက လုပ်ဆောင်တာလို့ FBI က အပြစ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကတော့ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။ အီကွေဒေါနိုင်ငံက ဘဏ်တခုဟာလည်း ဒေါ်လာ ၁၂ သန်း ဆုံးခဲ့ရတယ်လို့ Symantec ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG